သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-25
အရေးယူပိတ်ဆို့တာတွေ ရှိပေမဲ့ စစ်ကောင်စီဟာ လောင်စာဆီတွေ ရနေဆဲပဲလို့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ AI အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-02-25
အမေရိကန်ပြည်ထောင်စုကို ပုံစံမျိုးစုံနဲ့ ပြောင်းရွှေ့အခြေချလာတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေထဲမှာ ချင်းလူမျိုးတွေ အများဆုံးပါဝင်ပါတယ်။
2024-02-25
ကိုညီမင်းသူလို အသက်ပေးလိုက်ရသူတွေကို လေးစားရင် တော်လှန်ရေးမှာ တပ်ပေါင်းစုတွေ ညီညွတ်ကြပါလို့ ဗကသ ကျောင်းသားဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
2024-02-25
RCSS အနေနဲ့ ထုတ်လုပ်ရောင်းချရေးကို ဘယ်သူနဲ့မှ မဆွေးနွေးခဲ့တဲ့အပြင် အဲဒီသတ္တုတွေအကြောင်း နားမလည်ဘူးလို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
2024-02-25
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စငေါကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။
2024-02-25
စစ်ကိုင်းတိုင်း ကလေးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2024-02-25
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးရွာအနီး တိုက်ပွဲဖြစ်လို့ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2024-02-25
ထားဝယ်မြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာ ၁၁ ရွာက အရပ်သား နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-25
ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၃၉ လုံး ပျက်စီးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
2024-02-25
စဉ့်ကူးမြို့နယ် ရွာသာကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-02-24
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2024-02-24
စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ လုပ်ငန်းတွေမှာ မပါဝင်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။
2024-02-24
နိုင်ငံရေးအာဏာကို ရယူဖို့ လက်နက်ကိုင်လမ်းစဉ်ကနေ တခြားနည်းလမ်းမရှိတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ မွန်လူထုကို မွန်အမျိုးသားနေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။
2024-02-24
ရွှေဘိုမြို့နယ် မြင်းစီးရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ မိသားစုဝင်ငါးဦး အသတ်ခံခဲ့ရတဲ့ကိစ္စအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောလိုက်ပါတယ်။
2024-02-24
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ CNDF ဒုတိယစစ်ဦးစီးချုပ်နဲ့ အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ CNDF စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က RFA ကို ပြောပါတယ်။