အမေရိကန်ပြည်ထောင်စုကို ပုံစံမျိုးစုံနဲ့ ပြောင်းရွှေ့အခြေချလာတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေထဲမှာ ချင်းလူမျိုးတွေ အများဆုံးပါဝင်ပါတယ်။ အခုဆိုရင် သူတို့ဟာ နယ်မြေသစ်တစ်ခုမှာ မျိုးဆက်တစ်ဆက် ချမှတ်နိုင်တဲ့အထိ ဖြစ်လာနေပါပြီ။
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ကိုစွန့်ပြီး အမေရိကထိရောက်အောင် ဘယ်လိုလာခဲ့ကြသလဲ၊ လက်ရှိအမေရိကမှာ ချင်းလူမျိုးတွေ ဘယ်လောက်ရှိနေပြီလဲ၊ ဘာတွေလုပ်ကိုင်စားသောက်ကြသလဲ စတာတွေကို အမေရိကရောက် ချင်းခရစ်ယာန်သင်းအုပ်ဆရာ Dr. ကျင့်ဇမန် (ဆရာဇော်လေး) ပြောပြထားပါတယ်။