သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-21
ဒီတပတ် RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-21
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး ပန်လုံ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေဟာ သူတို့ မူလနေအိမ်နဲ့ မြေနေရာတွေ ဆုံးရှုံးသွားမှာ စိုးရိမ်တာကြောင့် အိမ်ကိုပြန်သွားလိုကြတယ်လို့ သိရပါတယ်။
2019-02-21
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တပ်မတော်အစုအဖွဲ့က ပါဝင်ဖို့ ဒီနေ့ စာရင်းပေးပို့လိုက်ပြီး နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုကို ထိခိုက်လာနိုင်တဲ့ ပြင်ဆင်ချက်တွေ ဆွေးနွေးလာရင် ကန့်ကွက်သွားမယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။
2019-02-21
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝ ထိခိုက်လာနိုင်တဲ့တွက် အမြန်ဆုံး ရပ်ဆိုင်းပေးရေး ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2019-02-21
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝ ထိခိုက်လာနိုင်တဲ့အတွက် အမြန်ဆုံး ရပ်ဆိုင်းပေးရေး ဒေသခံ ၆၆၂ ဦးက လက်မှတ်ထိုးပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2019-02-21
မြန်မာ့အရေးကို ကုလသမဂ္ဂမှာ မဲခွဲခံရအောင် လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေ ကို တရားစွဲမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က ပြောပါတယ်။
2019-02-21
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အစပ်က လွယ်ငင်းကျေးရွာ၊ ပါကမ်းကျေးရွာနဲ့နမ့်ငုတ်ရွာတွေအနီးမှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေတို့ တိုက်ပွဲကြောင့် ပိတ်မိနေခဲ့တဲ့ ရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညပိုင်းနဲ့ ၂၀ရက်နေ့ မနက်ပိုင်းက မန်လီကျေးရွာကို ရောက်ရှိလာပါတယ်။
2019-02-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ၂ ဦးတို့ အမည်စာရင်းကို ဒီနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2019-02-21
၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF အဖွဲ့ဝင်အင်အား ၅၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။
2019-02-20
ထိုင်းတံဆိပ်တုံးအတုတွေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ စာရွက်စာတမ်းအတု လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
2019-02-20
ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို HRW လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson အင်္ဂါနေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2019-02-20
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအတွင်းကို အစိုးရတပ်ဘက်က မနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
2019-02-20
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အရာရှိတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အငြင်းပွားနေတဲ့ မူလတန်းသင်ရိုးညွန်းတမ်းပါ ဝံသာနုစိတ်ဓာတ်ကဗျာ ကို ဖယ်ရှားပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2019-02-20
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ကြတဲ့ ဒုက္ခသည်တွေထဲက အယောက်ငါးရာကျော် တတိယအသုတ်အဖြစ် ပြန်လာဖို့ရှိကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်လိုက်ပါတယ်။
2019-02-20
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည် ခြောက်ထောင်နီးပါး နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။