ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေတာ ရပ်ဆိုင်းပေးရေး တောင်းဆို


2019.02.21
myitkyina-island-622.jpg မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေတာကို တွေ့ရစဉ်
Photo: Elizabeth/RFA

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေ တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝ ထိခိုက်လာနိုင်တဲ့အတွက် အမြန်ဆုံး ရပ်ဆိုင်းပေးရေး ဒေသခံ ၆၆၂ ဦးက လက်မှတ်ထိုးပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဧရာဝတီမြစ်နားမှာရှိတဲ့ ရိုစနာ၊ နောင်နန်း၊  လမြန်၊ မော်တောင်း စတဲ့ ကျေးရွာ ၆ ခုက ဒေသခံ ၆၆၂ ဦးက ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့  သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံ မနေ့က စာပေးပို့ တောင်းဆိုခဲ့တာပါ။

အခုလို သဲကျောက်နဲ့ ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမြေနေရာနဲ့ ဝမ်းရေးအတွက် သားငါးရှာဖွေ စာသောက်တာတွေ ထိခိုက်လာနိုင်သလို ကမ်းပါးပြိုတာတွေဖြစ်လာနိုင်တဲ့တွက် တားဆီးပေးစေ လိုတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အစိုးရအနေနဲ့ အဲဒီလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုထားခြင်း ရှိ မရှိနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံ RFA က ဒီနေ့ သွားရောက်မေးမြန် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အလားတူ အဲဒီလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတချို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေပိုင်း အချိန်အထိ တာဝန်ယူဖြေကြားသူ မရှိပါဘူး။

ဒီသတင်းကို မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။