သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-23
မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့ ရာဇဝတ်မှုတွေ နှစ်စဉ်နဲ့အမျှ တိုးလာနေတဲ့အတွက် အာဏာပိုင်တွေက ထိထိရောက်ရောက် အပြစ်ပေးအရေးယူပေးဖို့အပြင် လူထုတစ်ရပ်လုံးက ဝိုင်းဝန်း ပူးပေါင်း ပါဝင်ကူညီကြဖို့ အမျိုးသမီးထုနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက တောင်းဆိုနေကြပါတယ်။
2018-02-23
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်း မီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-02-23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) မှာ ၂ဝ၁၈ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး လုပ်ခလစာနှုန်းထား တိုးပေးတဲ့စနစ်ပြင်ဆင်ဖို့ အပါအဝင် အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတဲ့ ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေဟာ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတဲ့အတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ် အားကစားကွင်းအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2018-02-23
NLD အစိုးရအနေနဲ့ နိုင်ငံတာဝန်ယူလာခဲ့တဲ့ (၂) နှစ်တာကာလတွင်း ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုင်ရာ ကဏ္ဍတွေမှာ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။
2018-02-23
ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ကြည်လင်းတို့အဖွဲ့ကို ဒီနေ့ ရုံးထုတ်တဲ့ အခါမှာတော့ မျက်မြင်သက်သေ ကားမောင်းသမားတွေနဲ့ ရဲအရာရှိ ၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။
2018-02-23
မဘသ ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယဟာ အင်တာနက်ကနေတဆင့် ခြိမ်းခြောက်တာခံနေရပါတယ်။
2018-02-23
ပြီးခဲ့တဲ့ ၂၀၁၇ နှစ် ဒီဇင်ဘာလကနေ ဒီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ကျေးရွာပေါင်း ၅၀ ကျော်ကို ဘူဒိုဇာတွေနဲ့ ထိုးထားတယ်လို့ လူအခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-02-23
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်ကျေးရွာ ၅၅ ရွာလောက်ကို အစိုးရက ဘူဒိုဇာတွေနဲ့ ရှင်းလင်းထားတာကို ဂြိုဟ်တုက ရိုက်ယူရရှိတဲ့ ဓါတ်ပုံအထောက်အထားတွေအရ တွေ့ရှိရတယ်လို့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-02-23
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားမှာ ခြံစည်းရိုးကာရံခအဖြစ် ပြည်သူ့လွှတ်တော်က အမေရိကန် ဒေါ်လာ ၁၅ သန်းကို ကြာသပတေးနေ့မှာ အတည်ပြုခဲ့တယ်လို့ မနေ့ကရတဲ့ AP အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။
2018-02-23
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကိုသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတချို့ကို အရေးယူပိတ်ဆို့ဖို့အတွက် ဥရောပသမဂ္ဂကစီစဉ်နေပြီး ပိတ်ဆို့အရေးယူခံရဖွယ်ရှိတဲ့ မြန်မာ စစ်ဗိုလ်ချုပ်စာရင်း နောက်တစ်ပတ်အတွင်း ထွက်လာလိမ့်မယ်လို့ ဥရောပသမဂ္ဂ သံတမန် ၂ ယောက်က ပြောပါတယ်။
2018-02-23
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖြည့်စွက်ထားတဲ့အချက်တွေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ဒီကနေ့ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2018-02-23
ရွေ့လျားဆေးကုရေယာဉ် နှစ်စင်း ဝယ်ယူဖို့ လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမျိုးသားလွှတ်တော်မှာ တင်ပြပါတယ်။
2018-02-23
ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယရဲ့ ဘားအံမြို့မှာရှိတဲ့ကျောင်းကို လက်နက်ကိုင် အဖွဲ့နဲ့ လာဖယ်ရှားခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်စာပို့တယ်လို့ အရှင်ဣဿရိယက မိန့်ကြားပါတယ်။
2018-02-23
ပရီမီယာကော်ဖီ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ ပရီမီယာကော်ဖီ စက်ရုံအလုပ်သမား ၇၀၀ ကျော်ဟာ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို စက်ရုံဘက်ကနေ ဒီကနေ့အထိ ပြေ လည်အောင်ညှိနှိုင်းမပေးတဲ့အတွက် ဒီကနေ့ စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ် အားကစားကွင်း ထဲအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2018-02-23
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာ လုံခြုံရေးအခြေအနေတွေကြောင့် စာမေးပွဲမဖြေဆိုရတဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကျောင်းသား ၃၇ ယောက်ရှိပါတယ်။