ရခိုင်နယ်စပ် ခြံစည်းရိုးအတွက် ဒေါ်လာ ၁၅ သန်း ခွင့်ပြု
2018.02.23
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားမှာ ခြံစည်းရိုးကာရံခအဖြစ် ပြည်သူ့လွှတ်တော်က အမေရိကန် ဒေါ်လာ ၁၅ သန်းကို ကြာသပတေးနေ့မှာ အတည်ပြုခဲ့တယ်လို့ မနေ့ကရတဲ့ AP အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။
အဲဒီ ဘတ်ဂျက်အသုံးစရိတ်ကို ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုက အဆိုပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် မျိုးဇော်အောင် က ပြောကြားပါတယ်။
အဲဒီ သုံးစွဲငွေကို ကြာသပတေးနေ့က ခွင့်ပြုချိန်မှာ မိုင် ၁၈၂ မိုင်ရှည်လျှားတဲ့ နယ်စပ်တလျှောက် အနက် ၁၂၆ မိုင်ကို ခြံစည်းရိုး ကာရံပြီးဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် အောက်တိုဘာလအတွင်း တပ်မတော်က အလှူငွေကောက်ခံခဲ့ရာမှာ ဒေါ်လာ ၅ သန်း ရရှိခဲ့ကြောင်း စသဖြင့်လည်း AP သတင်းမှာ ပါရှိပါတယ်။