မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းနဲ့ ဆက်သွယ်မေးမြန်းချက်


2018.02.23

ပြီးခဲ့တဲ့ ၂၀၁၇ နှစ် ဒီဇင်ဘာလကနေ ဒီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ကျေးရွာပေါင်း ၅၀ ကျော်ကို ဘူဒိုဇာတွေနဲ့ ထိုးထားတယ်လို့ လူအခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် ပျက်စီးသွားတဲ့နေရာတွေကို မြေညှိတာဖြစ်နိုင်ကြောင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ပင်ဆွေးနွေးတာတော့ မရှိဘူးလို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။