ဆရာတော် အရှင် ဣဿရိယနဲ့ ဆက်သွယ်မေးမြန်းချက်


2018.02.23

မဘသ ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယဟာ အင်တာနက်ကနေတဆင့် ခြိမ်းခြောက်တာခံနေရပါတယ်။ ဆရာတော်ရဲ့ ဘားအံမြို့မှာရှိတဲ့ကျောင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့လာပြီး ဖယ်ရှားခိုင်းမယ်ဆိုပြီး ဦးသုမနဆိုသူက လူမှုကွန်ယက်ကနေ တဆင့် စာပေးပို့ ခြိမ်းခြောက်တာဖြစ်တယ်လို့ အရှင်ဣဿရိယက မိန့်ကြားပါတယ်။

ဆရာတော် အရှင် ဣဿရိယကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်း လျှောက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။