သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-24
ကချင်ပြည်နယ် တရုတ် မြန်မာနယ်စပ်အနီးက ဆဒုံး၊ ကန်ပိုက်တီးနယ်မြေတွေက ဘိန်းစိုက်ခင်းတွေကို လူအင်အား ၂ ထောင်ကျော်ပါဝင်တဲ့ လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွေက အဖွဲ့ ၃ ဖွဲွ့ခွဲပြီး ဒီနေ့ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။
2016-02-24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညို ရာသီဥတု သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အစိုးရဌာနဆိုင်ရာ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် ပါတယ်။
2016-02-24
ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီး ဒေသဘက်က ဘိန်းခင်းတွေကို အစိုးရတပ်မတော်၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖျက်ဆီးသွားမယ်လို့ ကချင်လူမှု အဖွဲ့အစည်းတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-02-24
၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကို စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဒီကနေ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ မနီလာသိန်းဟာ လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ အနေနဲ့ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန် သမိုင်းလမ်းဆုံမှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာပါ။
2016-02-24
မန္တလေးစက်မှုဇုန် Popy စားသောက်ကုန်စက်ရုံ ၂ ရုံက အလုပ်သမား ၄ ရာကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် စက်ရုံရှေ့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။
2016-02-24
မကွေးတိုင်းအတွင်းက တောင်သူတွေကို ၇ နှစ်အတွင်း အရစ်ကျ ပေးချေတဲ့စနစ်နဲ့ ရောင်းချထားတဲ့ လယ်ထွန်စက်တွေအတွက် တစ်နှစ်မပြည့်ခင်မှာပဲ သမဝါယမအသင်းက စက်ဖိုးတောင်းခံနေတဲ့အတွက် တောင်သူတွေ အခက်တွေ့နေကြပါတယ်။
2016-02-24
ဒီနေ့ကျရောက်တဲ့ ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ် ချောင်းဆုံမြိုနယ် ကလော့ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မွန်သံဃာတော်တွေ၊ မွန်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပါအဝင် ဒေသခံတွေ တတ်ရောက်ခဲ့ပါတယ်။
2016-02-24
အယ်လ်နီညိုရာသီဥတု ကျရောက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရှမ်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ က ကျေးရွာတွေမှာ ရေပြတ်လပ်မှုတွေ အများဆုံးကြုံတွေ့နိုင် ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။
2016-02-24
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်နွယ် တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူ ၁၂ ဦးကို မတရား အသင်းအက်ဥပဒေနဲ့ ကျောက်တော်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။
2016-02-24
တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက မနီလာသိန်းဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ အာမခံမယူတဲ့အတွက် အင်းစိန်ထောင်ကို ပို့ခံလိုက်ရပါတယ်။
2016-02-24
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် အနီးက ဆဒုံးနဲ့ ကန်ပိုက်တီနယ်မြေတွေ က ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် လူအင်အား ၂၃၀၀ ပါဝင်တဲ့ အဖွဲ့ဟာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဘိန်းခင်းတွေရှိရာနယ်မြေတွေကို ဒီကနေ့ထွက်ခွာသွား ပါတယ်။
2016-02-24
မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြား ခြောက်သန်းကျော်ကို ထိုင်းမြန်မာ နယ်စပ် ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တရားခံတွေနဲ့အတူ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
2016-02-24
မြန်မာနိုင်ငံသမိုင်းမှာ တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှုတွေနဲ့ တပ်မတော်အပေါ် သစ္စာမဲ့မှုတွေကြောင့် နိုင်ငံအရေး ရှုပ်ထွေးခဲ့ရကြောင်းနဲ့ အဲဒီလိုရှုပ်ထွေးမှုတွေ ထပ်မံမဖြစ် ပွားအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ချက်တချို့ကို ထည့်သွင်းထားတာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။
2016-02-24
အယ်လ်နီညို ရာသီဥတုဟာ အမျိုးသားရေး စိန်ခေါ်မှုဖြစ်ပြီး လက်ရှိအစိုးရတင်မဟုတ် ဘဲ လာမယ့်အစိုးရသစ်အနေနဲ့ ဆက်လက် တာဝန်ယူဆောင်ရွက်ဖို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
2016-02-24
ဘိန်းစိုက်ခင်းတွေကိစ္စ ပြည်သူ့လွှတ်တော် မှာ မဲခွဲဆုံးဖြတ်စဉ် ကိုယ်စားလှယ်ဦးရေ ၂၀ လောက် မဲမပေးဘဲ ပျောက်နေတဲ့အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တွေကို သတိပေး လိုက်ပါတယ်။