အယ်လ်နီညိုသက်ရောက်မှု ကာကွယ်ရေး
2016.02.24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညို ရာသီဥတု သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အစိုးရဌာနဆိုင်ရာ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။