သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-23
ပြီးခဲ့တဲ့ရက်ပိုင်းက ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်သွင်းအတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ ထဲက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ် ချက်စာတမ်း အပိုဒ် ၁၀ မှာပါရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံ သားပြုခွင့်ပေးရန် ဆိုတဲ့အချက်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီကနေ့ ရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-11-23
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆင်ပြေချောမွေ့စွာ ပြင်ဆင်နိုင်ရေး အတွက် တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရတွေ့ ဆုံဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်က အကောင်အထည်ဖော်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ရေး သားပေးပို့သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-11-23
အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းရဲ့ ဟော်နန်းဟာ ခေတ်အဆက်ဆက် ပြင်ဆင်မှု မရှိသလောက် ဖြစ်ခဲ့တဲ့အတွက် အခုဆိုရင် ပျက်စီးစပြုနေပါပြီ။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-11-23
"ကလေးသူငယ် အခွင့်အရေးများနေ့နဲ့ ကလေးများ တွေ့ဆုံပွဲ" ကို နေပြည်တော်မှာ နိုဝင်ဘာလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိ က တင်ပြထားပါတယ်။
2013-11-23
အခု တင်ပြမှာကတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ပဲ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-11-23
စက်မှုဇုန် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့၊ ရန်ကုန်တိုင်း အထည်ချုပ်စက်ရုံတွေက အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-11-23
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီ ပေါင်းစည်းရေးအတွက် မွန်သံဃာတော်တွေ၊ နှစ်ဘက်ပါတီ ခေါင်းဆောင်တွေ မော်လမြိုင်မြို့မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-11-23
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦး အေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါ တို့ ရန်ကုန်မြို့ကို ဒီကနေ့မနက် လေကြောင်းခရီးနဲ့ ထွက်ခွာ ပါတယ်။
2013-11-22
နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ဒီကနေ့ နေ့လည်ပိုင်းအထိ ၅ ရက်ကြာ ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း ၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ အီလန်မြန်မာ အထည်ချုပ် စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား တိုင်းအလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖျန်ဖြေရေးအဖွဲ့ က လာရောက်ဖြေရှင်းပေးတာကြောင့် ပြေလည်မှုရရှိ သွားပြီး ဆန္ဒဖော်ထုတ်မှုကို ဒီကနေ့ ညနေပိုင်းမှာ ရုပ်သိမ်း လိုက်ပါတယ်။
2013-11-22
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီ ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီ နှစ် ပါတီပေါင်းစည်းရေးအတွက် ဒီကနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
2013-11-22
ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအပေါ် ဒေသခံတွေရဲ့ အထင် အမြင်လွဲမှားမှုတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း စစ်တွေအခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး UNOCHA မှ တာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2013-11-22
အနည်းဆုံး လုပ်ခလစာကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
2013-11-22
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ လာမယ့် ၂၀၁၅ မတိုင်ခင်အထိ ဖူလုံမှုရှိဦးမှာမဟုတ်ဘဲ နှစ်စဉ် ၃၀၀ မဂ္ဂါဝပ်လောက် ထပ်တိုးပြီးလိုနေဦးမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2013-11-22
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ်က ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းက တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို အလုံမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ ပါတယ်။
2013-11-22
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်း က နိုင်ငံရေးပါတီတွေနဲ့ ပြည်ပက တိုင်းရင်းသားအင်အားစုတွေ ဒီကနေ့တွေ့ဆုံပြီး၊ အမျိူးသား ရင်ကြားစေ့ရေးနဲ့ တစ်နိုင်ငံ လုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တွေ အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြ ပါတယ်။