သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-27
မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာန ရုပ်သံထုတ်လုပ်မှုအတွက် အကူအညီပေးနေသူ ကိုအောင်ဇော်ဇော်ဟာ အများပြည်သူ အကျိုးပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က တရားစွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-27
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားတို့အကြား ဇန်နဝါရီ ၂၈ ရက် မနက်ဖြန်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းက သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။
2022-01-27
မြန်မာနိုင်ငံမှာ ပိုပြီးဆိုးရွားလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်လို့ သြစတြေးလျနိုင်ငံ အခြေစိုက် Woodside စွမ်းအင်ကုမ္ပဏီက ဇန်နဝါရီ ၂၇ ရက် ဒီကနေ့ ကြေညာပါတယ်။
2022-01-26
စစ်တပ်အာဏာသိမ်းအပြီး တနှစ်ကာလအတွင်း အပြောင်းအလဲတချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေ၊ သံတမန်တွေနဲ့ မူဝါဒချမှတ်သူတွေ ကြားမှာလည်း မြန်မာ့ပြဿနာ အဖြေရှာရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြား ညှိနှိုင်းနိုင်ရေးအပေါ်တည်မှီနေတာဖြစ်ကြောင်း ရှုမြင်ပြောဆိုနေကြတာပါ။
2022-01-26
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စန်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၁၃၂ လုံး မီးရှို့ခံခဲ့ရပါတယ်။
2022-01-26
မြန်မာစစ်တပ်ဟာ ပြည်တွင်းဖြစ်ရော ပြည်ကက လက်နက်တွေပါသုံးရုံမက ဝေဟင်ကပါ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းနေပါတယ်။ လက်နက်ပြည့်စုံပေမဲ့ တပ်မဖြန့်နိုင်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးတဲ့အတိုင်း လေကြောင်းက ပစ်ကူယူရတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။
2022-01-26
စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်တဲ့အနေနဲ့ အိမ်ပြင်မထွက်ဘဲ အသံတိတ် သပိတ်ဆင်နွှဲကြဖို့ ဒီမိုကရေစီ ပြန်လည်ရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေက လူထုကို နှိုးဆော်ရင်း လှုပ်ရှားမှုမှာ လူတန်းစားအလွှာပေါင်းစုံ ပါဝင်ဖို့ ဆွေးနွေးပြင်ဆင်နေကြပါတယ်။
2022-01-26
ဦးပိုင်ကုမ္ပဏီနဲ့ ဂျပန်ကီရင်ကုမ္ပဏီ အကျိုးတူလုပ်ကိုင် နေတဲ့ မြန်မာဘီယာလုပ်ငန်းကို ဖျက်သိမ်းဖို့ ဦးပိုင်ကုမ္ပဏီက လျှောက်ထားခဲ့တာကို ပယ်ဖျက်ဖို့ တရားရုံးမှာ ယှဉ်ပြိုင်လျှောက်ထားမှုမှာ အနိုင်ရခဲ့တယ်လို့ ကီရင်ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
2022-01-26
မြန်မာစစ်တပ်ကို လက်နက်ဝယ်ပေးနေတဲ့ ပွဲစား ၉ ဦးရဲ့ အမည်စာရင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်ပါတယ်။
2022-01-26
အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တားဆီးနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှု မရှိအောင် ဂရုပြုကြဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။
2022-01-26
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ စိုးရိမ်ဖွယ်ကျဆင်းနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-01-26
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကိုးလကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ CJDC ထုတ်ပြန်ပါတယ်။
2022-01-26
ရန်ကုန်မြို့မှာ အခုရက်ပိုင်းတွေအတွင်း VPN အသုံးပြုတာတွေ ရှိ၊ မရှိ ပိုမိုတင်းကျပ် စစ်ဆေးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-01-26
NLD လက်ထက် ရှမ်းပြည်နယ် စီမံ-ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ဟာ ထောင် ၃၈ နှစ်အထိ ချမှတ်ခံရပြီး အမှုတွေအတွက် အယူခံတင်ပြမယ်လို့ ပြောပါတယ်။
2022-01-26
ဒီပဲယင်းမြို့နယ်က PDF ဂဠုန်တပ်တော်ကို ဦးဆောင်နေသူကတော့ တောင်သူလယ်သမားဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ဗိုလ်ကျားကြီးပဲ ဖြစ်ပါတယ်။