လယ်သမားဘဝကနေ တော်လှန်ရေးသမား ဖြစ်လာသူ

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေ အများအပြား ရှိနေပါတယ်။

အဲဒီတပ်တွေထဲမှာ ကျောင်းသားလူငယ်‌တွေအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းကြတဲ့ ဒေသခံ တောသူတောင်သား အများအပြားပါဝင်နေပါတယ်။

ဒီပဲယင်းမြို့နယ်က PDF ဂဠုန်တပ်တော်ကို ဦးဆောင်နေသူကတော့ တောင်သူလယ်သမားဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ဗိုလ်ကျားကြီးပဲ ဖြစ်ပါတယ်။