သြစတြေးလျ စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာ

2022.01.27
သြစတြေးလျ စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာ ကြော်ငြာထားတဲ့ Woodside Petroleum ပိုစတာတစ်ခုကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

မြန်မာနိုင်ငံမှာ ပိုပြီးဆိုးရွားလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်လို့ သြစတြေးလျနိုင်ငံ အခြေစိုက် Woodside စွမ်းအင် ကုမ္ပဏီက ဇန်နဝါရီ ၂၇ ရက် ဒီကနေ့ ကြေညာပါတယ်။

Woodside ကုမ္ပဏီဟာ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် A-6 က ဓာတ်ငွေ့စွမ်းအင်တွေ တိုးတက်ထုတ်လုပ်ဖို့နဲ့ စွမ်းအင်အများအပြား လိုအပ်ချက်ရှိနေတဲ့ မြန်မာပြည်သူတွေဆီ ပေးနိုင်ဖို့ မျှော်လင့်ပေမယ့်လည်း ဒီလုပ်ငန်းစဉ်တွေကို ဆက်ပြီးဆောက်ရွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ Woodside ကုမ္ပဏီရဲ့ စီအီးအို Meg O’Neill က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေအပေါ် ကုလသမဂ္ဂက လမ်းညွှန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လူ့အခွင့်အရေးနဲ့ အခြား နိုင်ငံတကာစံနှုန်းတွေနဲ့အညီ Woodside ဟာ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်တယ်၊ လက်ရှိဆက်လက်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက Woodside အနေနဲ့ ဆက်ပြီး ဆောင်ရွက်ဖို့ မဖြစ်နိုင် တော့ဘူးလို့လည်း စီအီးအို Meg O’Neill က ပြောပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အနည်းဆုံး ၁၅ ခုထိ ရှိနေပါတယ်။

အဲဒီထဲမှာ အမေရိကန်အခြေစိုက် ချက်ဗရွန်၊ ပြင်သစ်အခြေစိုက် တိုတယ်လ်၊ နော်ဝေး အခြေစိုက် တယ်လီနော၊ ဩစတြေးလျအခြေစိုက် Myanmar Matel၊ စင်ကာပူအခြေစိုက် ဆေးလိပ်နဲ့ ဆေးရွက်ကြီးလုပ်ငန်း Lim Kaling၊ ထိုင်းနိုင်ငံအခြေစိုက် အဆင်မြင့်အိမ်ရာ လုပ်ငန်း Amata နဲ့ မလေးရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း Petronas တို့ ပါဝင် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။