သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-27
မြန်မာနိုင်ငံရဲ့ စီးပွါးရေးကဏ္ဍမှာ အမေရိကန်လုပ်ငန်းရှင်တွေ ပိုပြီးတက်တက်ကြွကြွပါဝင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး၊ တက်ဆက်စ်ပြည်နယ် ဟူစတန်မြို့ အခြေစိုက် မြန်မာ အမေရိကန် ကုန်သည်ကြီးများအသင်း MACC ဥက္ကဌ ဦးရေမွန် ထွန်းတင်ကို ကျနော်တို့ အဖွဲ့သား ဦးခင်မောင်ညိန်းက RFA studio မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-27
တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးနေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ SNLD ကို အစိုးရက ကမ်းလှမ်းခဲ့တဲ့အပေါ် SNLD ပါတီက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
2018-01-27
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံ ၅ ရာကျော်ဟာ မောင်တောမြို့အနီးကို ပြီးခဲ့တဲ့လကတည်းက ထွက်ပြေးခိုလှုံနေကြပါတယ်။
2018-01-27
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲက ရှေ့နေမငှားနိုင်သူတွေကို လိုက်ပါဆောင်ရွက်ပေးဖို့၊ ဥပဒေပိုင်းဆိုင်ရာတွေကို အကြံပြုတာတွေ၊ ဥပဒေနဲ့အညီ ဥပဒေရေးရာ သက်သာခွင့်တွေရဖို့အတွက် လိုအပ်တဲ့ အထောက်အကူတွေပေးဖို့အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြုကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-01-27
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေပိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက BOT စနစ်နဲ့ လုပ်ဆောင်နေတဲ့ “လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း” အရည်အသွေးမမီတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
2018-01-26
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နှစ်နှစ်ကျော် ကာလအတွင်း နှစ်ဖက် တာဝန်ရှိသူတွေ ထိပ်တိုက်တွေ့ဆုံဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့ TNLA နဲ့ RCSS တို့ကြား နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုကို အခုလ ၂၂ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
2018-01-26
ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဆူညံ ပွက်လောရိုက်သံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။
2018-01-26
မန္တလေး အောင်မြေသာစံမြို့နယ်က အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းက ရဲဝန်ထမ်း လိုင်းခန်းမှာ နေထိုင်တဲ့ ရဲတပ်သားရဲ့ဇနီးကို တခြားတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့်ခွင့်မပေးခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားသွားမယ်လို့ အရိုက်နှက်ခံရသူ မပွင့်ဖြုခိုင် ကပြောပါတယ်။
2018-01-26
ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေးနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ ရတနာပုံ တက္ကသိုလ်က ကျောင်းသား ၁၂ ယောက်ကို အကန့်အသတ်မရှိကျောင်းကနေ ရပ်နားလိုက် တယ်လို့ ရတနာပုံတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောပါတယ်။
2018-01-26
ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA တို့ကြား နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ တအာင်း လွတ်မြောက်ရေးတပ်မတော်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။
2018-01-26
မြောက်ဦး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေနဲ့ ရသေ့တောင် စာပေဟောပြော ပွဲမှာ ဟောပြောခဲ့လို့ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင် တို့ကို အကူအညီပေးဖို့အတွက် ရခိုင်အမျိုးသားပါတီ ANP က ပါတီဝင် ရှေ့နေ ၄ ဦးပါဝင်တဲ့ ဥပဒေအထောက်အကူပြုကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-01-26
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက ကျောက်မဲ-သီပေါ ပြည်ထောင်စုကားလမ်း မပေါ်မှာ ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံနေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဝင်တွေကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းခဲ့တဲ့အတွက် တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အခုလ ၂၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
2018-01-26
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ ၇ ယောက် သေ ဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အတွက် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ထားပါတယ်။
2018-01-25
အမေရိကန်ဝန်ကြီးဟောင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆင် Bill Richarson ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့စွဲနဲ့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2018-01-25
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ကမ္ဘာကျော် facebook ဟာ သူ့လူမှုကွန်ရက်ပေါ် တင်လာတဲ့ စာတွေ ရုပ်သံတွေကို စိစစ်သန့်စင်နေချိန်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး - မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ facebook လူမှုကွန်ရက် အပိတ်ခံလိုက်ရပါတယ်။