ANP ပါတီ ဥပဒေ အထောက်အကူပြုကော်မတီအကြောင်း ဦးထွန်းအောင်ကျော်နဲ့ မေးမြန်းချက်


2018.01.27

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲက ရှေ့နေမငှားနိုင်သူတွေကို လိုက်ပါဆောင်ရွက်ပေးဖို့၊ ဥပဒေပိုင်းဆိုင်ရာတွေကို အကြံပြုတာတွေ၊ ဥပဒေနဲ့အညီ ဥပဒေရေးရာ သက်သာခွင့်တွေရဖို့အတွက် လိုအပ်တဲ့ အထောက်အကူတွေပေးဖို့အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြုကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီကော်မတီမှာ ရခိုင် အမျိုးသားပါတီဝင် တရားလွှတ်တော်ရှေ့နေ နဲ့ အထက်တန်းရှေ့နေ ၄ ဦး ပါဝင်တယ်လို့ ရခိုင် အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

ဦးထွန်းအောင်ကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။