သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။
2014-01-25
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်တွေ ဦးဆောင်ဖွင့်လှစ်တဲ့ နိုင်ငံရေးသင်တန်းအကြောင်း သင်တန်းမှူးဖြစ်သူ ဒေါက်တာနေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-01-25
လာမယ့် မတ်လ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဇိုမီး ဆိုတဲ့ အမည်တစ်ခုကိုသာ တစုတစည်း တည်း အသုံးပြုကြဖို့ ဇိုမီးမျိူးနွယ်စုတွေ အများစုနေထိုင်ကြ တဲ့ဒေသတွေမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
2014-01-25
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2014-01-25
အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖါးကန့်မြို့နယ် ရဲစခန်းမှာ ၆ လကျော်ကြာ ထိန်းသိမ်းခံထား ရပြီး မနေ့က ပြန်လည်လွတ်မြောက်လာပါတယ်။
2014-01-25
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်တဲ့ ဆွေးနွေး ညှိ့နှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-01-25
ပထမအကြိမ် "၁၉ ရာစု မြန်မာယဉ်ကျေးမှု ရှားပါးဓာတ်ပုံပြပွဲ" ကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရုံးခန်းမှာ ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ပြသနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-01-25
ကယားပြည်နယ် မော်ချီးဒေသက ခဲတွင်းလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ ခဲတွင်းတွေမှာ ဆေးရုံဆေးပေးခန်း မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ တွေ့နေရ ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-01-25
တရုတ်နိုင်ငံက လက်ဖက်ခြောက်တင်သွင်းမှု များလာတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ဖက်စိုက်တောင်သူတွေ ဈေးကွက်မှာယှဉ်ပြိုင်နိုင်ဖို့ အခက်အခဲ ကြုံတွေ့နေရပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-01-25
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-01-25
KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံ ဒီနေ့နောက်ဆုံးနေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး သဘောတူတဲ့ "တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် မူကြမ်းတစ်ခု" ရရှိခဲ့တယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-25
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ စာပေဟောပြောပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ဟောပြောမှာကို ဒေသဆိုင်ရာ အာဏာပိုင်တွေ က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2014-01-25
တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင် တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ အမှန်တကယ် ထူထောင်မယ်ဆိုရင် တပ်မတော်ကို လည်း ဒီစနစ်နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ လိုသလို ဒီအတွက်လည်း လက်ရှိတပ်မတော်အနေနဲ့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP ကပြောလိုက်ပါတယ်။
2014-01-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ညက လူ ၄ဝ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက အခုသတင်းအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ ဖြစ်ပျက်ခဲ့ပုံတွေကို လျှင်မြန်စွာနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ မနေ့က ပြောကြားလိုက်ပါတယ်။
2014-01-25
ကမ္ဘာတဝှမ်း တနိုင်ငံချင်းစီအလိုက် လွတ်လပ်မှုစောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံ မှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကဏ္ဍတချို့မှာ တိုးတက်မှုရှိလာတာတွေ့ရပေမယ့်၊ အခြေအနေ တရပ်လုံးကို ကြည့်ရင်တော့ အပြောင်းအလဲသိပ်မရှိဘူး လို့ဖေါ်ပြလိုက်ပါတယ်။