သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-18
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ပါတီ မှတ်ပုံပြန်တင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စတွေကို ဒီရက်ပိုင်း အတွင်း ဆုံးဖြတ်မယ်လို့ SNLD ပါတီက ပြောပါတယ်။
2012-01-18
မြန်မာနိုင်ငံ အစိုးရသစ်ဟာ အပြောင်းအလဲ လုပ်ဆောင်ရေးမှာ အမှန်တကယ် အလေးအနက် ရှိကြောင်း အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင်ပါတီ အမတ် မစ္စတာ Mitch McConnell က ပြောကြားလိုက်ပါတယ်။
2012-01-18
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ဖို့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပါတယ်။
2012-01-18
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပြီ ဖြစ်တဲ့ အတွက် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်ရုပ်သိမ်းသင့်ပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်ပါတယ်။
2012-01-17
ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
2012-01-17
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို ကျောင်းသင်္ခမ်းက ဖယ်ရှား အရေးယူ ဖို့အတွက် ဇန္နဝါရီ ၁၉ ရက် လာမယ့်ကြာသပတေးနေ့မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေက ကြားနာမယ်လို့ သတင်းရရှိပါတယ်။
2012-01-17
ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့တိုင်းရင်းသား နယ်မြေတွေက စစ်ပွဲတွေရပ်စဲရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားရမယ်လို့ မိန့်ကြားလိုက်ပါတယ်။
2012-01-17
မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့ တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2012-01-16
မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အယ်လင် ဂျု့(ပ်) ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2012-01-16
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ မလွတ်သေးဘဲ ကျန်နေကြသူတွေဟာ ပြစ်မှုဆိုင်ရာ ပုဒ်မကြီး ၁ဝ ခုနဲ့ ငြိစွန်းနေကြသူတွေ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
2012-01-16
မနေ့က ညနေပိုင်းက ဇာဂနာနဲ့ ရုပ်ရှင်လောကသား တချို့ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ သူရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်ညွန့်က ဖိတ်ခေါ်တဲ့အတွက် သွားရောက်တွေ့ဆုံကြောင်း ဇာဂနာ ခေါ် ကိုသူရက အာအက်ဖ်အေကို ပြောပါတယ်။
2012-01-16
မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ကျေနပ်အားရပေမယ့် ဒီထက် ပိုလုပ်ဆောင်ဖို့ လိုပြီး မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ တိုင်းရင်းသား ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စတွေဟာ အဓိကအချက် ဖြစ်တယ် လို့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-01-16
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးသလဲ ဆိုတာ စိစစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-01-16
ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက ဖိနှိပ် ဖြိုခွဲခဲ့အပြီး ဖျက်ဆီး ချိတ်ပိတ်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်မှာ အခုအခါ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်မြောက်လာတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဦးဣန္ဒက၊ အရှင်ဂမ္ဘီရနဲ့ ဦးဇင်းဂျောင်းဂျောင်း (ခေါ်) ဦးဣသရိယတို့ ၃ ပါး ပြန်လည် သီတင်းသုံးနေ ကြပြီ ဖြစ်ပါတယ်။
2012-01-15
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ အမေရိကန် အစိုးရက ပူးတွဲ ဆောင်ရွက်နိုင်ဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီကလင်တန်က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။