အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သံလျှင်မြို့နယ် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားပြီး လျှောက်လွှာတင်ခဲ့တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။ ကော့မှူးမြို့နယ် ဒေသခံတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ဦးအုံးကြိုင်က ပြောပါတယ်။ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် ၄၈ နေရာလုံးမှာ အန်အယ်လ်ဒီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံးရဲ့အမည်စာရင်းတွေကိုလည်း အန်အယ်လ်ဒီက ဒီကနေ့ အပြီးသတ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းမှာ နေပြည်တော်က ပုဗ္ဗသီရိနယ်မြေမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်မယ့် နိုင်ငံရေး အကျဉ်းသားဟောင်း နာမည်ကျော် ဟစ်ဟော့ အဆိုတော် ဇေယျသော် အမည်လည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင်
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ဖို့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပါတယ်။
