မဂ္ဂင်ကျောင်းမှာ အရှင်ဂမ္ဘီရနဲ့ ဆရာတော်တွေ ပြန်လည်သီတင်းသုံး

ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက ဖိနှိပ် ဖြိုခွဲခဲ့အပြီး ဖျက်ဆီး ချိတ်ပိတ်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်မှာ အခုအခါ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်မြောက်လာတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဦးဣန္ဒက၊ အရှင်ဂမ္ဘီရနဲ့ ဦးဇင်းဂျောင်းဂျောင်း (ခေါ်) ဦးဣသရိယတို့ ၃ ပါး ပြန်လည် သီတင်းသုံးနေ ကြပြီ ဖြစ်ပါတယ်။

2012.01.16
maggin-monestry-b305 ၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။
Burma VJ Media Network

လက်ရှိ အခြေအနေမှာ မဂ္ဂင်ကျောင်းတိုက်ဟာ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေပြီး အသစ် ပြန်ဆောက်ရမယ့် အနေအထားမှာ ရှိကြောင်း၊ မိမိတို့ ပြန်လည်ရောက်ရှိ သီတင်းသုံးနေပြီ ဆိုတာကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဆီကို အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြောင်း အရှင်ဂမ္ဘီရက အာအက်ဖ်အေကို မိန့်ကြားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အကျဉ်းထောင်က ပြန်လည်လွတ်မြောက် လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရက ကျောင်းတိုက်ကို စနေနေ့က စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

သံဃာတွေ ပြန်လည် စုစည်းဖို့အတွက် မဂ္ဂင်ကျောင်းကို ပြန်လည် ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အရှင်ဂမ္ဘီရက မိန့်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-16 22:35

အခုတော့လဲအာဏာပိုင်တွေသူတို့မဟုတ်သလိုပါဘဲ။သံဃာတော်တွေသီတင်းပြန်သုံးနေပြီဆိုတော့ဝမ်းသာစရာဘဲပေါ့။ငရဲမကြောက်သူတွေသတိပြုစရာ။ဝဋ်ဆိုတာဟိုဘ၀မကူးဘူးဆိုတာသတိထားပါ။