သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-26
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-09-26
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်း သိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတယ် ဆိုတဲ့ ဒေသခံတွေတိုင်ကြားချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စိစစ်ဖို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။
2016-09-26
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ် ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ လူ့အခွင့် အရေးလှုပ်ရှားနေသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-09-25
စစ်ကိုင်းပြတ်ရွှေ့ကြောအနီးနားမှာရှိနေတဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး၊ မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း စတဲ့ မြို့၁၀ မြို့မှာ ငလျင်အန္တရာယ် သတိထားကြဖို့နဲ့ အထပ်မြင့်အဆောက်အဦးတွေကို စိစစ်ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-25
ပြီးခဲ့တဲ့ အစိုးရသက်တမ်းကုန်ခါနီးမှာ ပြဌာန်းခဲ့တဲ့ ကျောက်မျက်ဥပဒေကို တတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အမျိုးသား လွှတ်တော်မှာ သတ္တုသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်သီဟက တင်သွင်းခဲ့ပါတယ်။
2016-09-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ် အတွင်း အစီအစဉ်များလွန်းပြီး အချိန်ကွာဟမှုကြောင့် ခရီးပန်းနေတဲ့အတွက် အနားယူဖို့ လိုအပ်နေတာသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-09-25
MLM လို့ ခေါ်တဲ့ ဆင့်ပွားအရောင်းလုပ်ငန်း တစ်ခုဖြစ်တဲ့ Aimstar Network Busi ness ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဟောပြောပွဲမှာ သတင်းမီဒီယာတွေ ကို ဝေဖန် ပြော ဆိုတာနဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့ သတင်းမီဒီယာ သမားတွေ လက်မှတ် စုဆောင်းနေပါတယ်။
2016-09-25
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ် သမား အကြိုညီလာခံကို မြေပုံမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2016-09-25
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရ ခွင့်ပြု ချက်ထက် ကျော်လွန်ပြီး ဆောက်လုပ်ထားတဲ့ အခန်း ၁၀၀ ကျော်ကို စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ဆောက် လုပ်မှာဖြစ်ကြောင်း ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက် သိန်းနိုင်က ခံဝန်ကတိပြုလိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2016-09-25
ရန်ကုန်နဲ့ မန္တလေးမြို့ဟာ စစ်ကိုင်းပြတ်ရွေ့ကြော အနီးမှာရှိနေပြီး အထပ်မြင့် အဆောက်အဦးတွေ များတဲ့အတွက် ငလျင် အန္တရာယ် ပိုမိုသတိထားဖို့နဲ့ အထပ်မြင့် အဆောက်အဦးတွေ ကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက မနေ့က သတိပေးထုတ်ပြန်လိုက်ပါ တယ်။
2016-09-25
မန္တလေးစည်ပင်သာယာရေးကော်မ တီရွေးကောက်ပွဲကို မြို့နယ် ၆ မြို့နယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-09-24
သြဇာကြီးမားတဲ့ New York Times နယူးယောက် တိုင်းမ်စ် နဲ့ L A Times အယ်လ် အေ တိုင်းမ်စ် သတင်းစာအယ်ဒီတာအဖွဲ့တွေက လာမယ့် နိုဝင် ဘာ ၈ ရက်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင် ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ အမေရိကန် သမ္မတဖြစ်သင့်ကြောင်း စနေနေ့ မနေ့က ထောက်ခံလိုက် ပါတယ်။
2016-09-24
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စာသားတွေ ကို ဖေ့ဘွတ်စ် မှာ ရေးသားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ခံ ဦးအောင် ဝင်းလှိုင်(ခေါ်) အညာသားဆိုသူကို ဆက် သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ မြဝတီမြို့နယ် တရားရုံးက မနေ့က အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။
2016-09-24
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ် ထွက်ပေးဖို့နဲ့ ကော် မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ လက်မှတ်ရေး ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ်က လှည်းတန်းစင်တာရှေ့မှာ ဒီနေ့ ပြု လုပ်ခဲ့ပါတယ်။
2016-09-24
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ကူမင်းလမ်းသွယ်မှာ မနေ့ညနေက လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။