ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပေမယ့် အနားယူဖို့ လိုကြောင်း သမ္မတရုံး ပြော
2016.09.25

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်အတွင်း အစီအစဉ် များလွန်းပြီး အချိန်ကွာဟမှုကြောင့် ခရီးပန်းနေတဲ့အတွက် အနားယူဖို့ လိုအပ်နေတာသာဖြစ်ပြီး ကျန်းမာရေးကောင်း မွန်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ည ၁ဝ နာရီခွဲဝန်းကျင်မှာ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက -"နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဝါရှင်တန် နယူးယောက် ခရီးစဉ်မှာ အစီအစဉ်တွေ များပြားပြီး အချိန်ဇယားကလည်း ကြပ်တယ်လို့ ပြောနိုင် ပါတယ်။ အချိန်ကွာဟချက် များပြားပြီး နားချိန်နည်းပါးလွန်းတာကြောင့် ခရီးပန်းသွားတယ်လို့ ပြောရမှာပါ။ ပင်ပန်းလွန်းအားကြီးသွားတာက လွဲလို့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိပါဘူး။ ကျန်းမာရေး ကောင်းမွန်ပါတယ်။ ခရီးပန်းသွားတော့ နည်းနည်း နားဖို့ လိုအပ်တာပဲ ရှိပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့အတူ မြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို မပြန်ခင်မှာ CNN သတင်းဌာနက ဖာရိဇာကားရီးယား က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဘားမားနဲ့ မြန်မာ အမည်ကိစ္စ၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေ အမေရိကန်အစိုးရက ပြန်ရုပ်မယ့်ကိစ္စ၊ ရခိုင်ပြည် နယ် ပြဿနာ စတာတွေ ပါဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဝန်ကြီးအဖြစ်နဲ့ CNN က ပထမဆုံး အကြိမ် တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။