ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနဲ့ မေးမြန်းချက်
2016.09.25
ပြီးခဲ့တဲ့ အစိုးရသက်တမ်းကုန်ခါနီးမှာ ပြဌာန်းခဲ့တဲ့ ကျောက်မျက်ဥပဒေကို တတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အမျိုးသား လွှတ်တော်မှာ သတ္တုသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်သီဟက တင်သွင်းခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းမှာ ရေမဆေးလုပ်သားတွေကို ကာကွယ်ပေးတဲ့အချက်တွေ မပါဝင်တာကြောင့် ဒေသခံတွေ၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေကို တွေ့ဆုံပေးဖို့ စီစဉ်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။