သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-26
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတစ်စောင်ထွက်ပေါ်ဖို့အတွက် ၅ ရက်ကြာ ဆွေးနွေးပွဲမှာ အရင်ကသဘောတူညီချက် ရထားတာတွေကို ပြန်ပြီးဆွေးနွေးခဲ့ရတဲ့အတွက် မျှော်မှန်းထားသလောက် အောင်မြင်မှုမရှိခဲ့ကြောင်း NCCT ခေါင်းဆောင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-09-26
လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပြည်သူ့လှုပ်ရှားမှု မြှင့် တင်ရေးကွန်ရက်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များကွန်ရက်တို့က ကန့်ကွက်ဆန္ဒပြမယ်လို့ သိရပါတယ်။
2014-09-26
နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်တွေနဲ့ ပြန်လည်ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-09-26
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2014-09-26
သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မဟာ သံဃာ့ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံက အမျိုးသား ဘာသာသာသနာအဖွဲ့က ဆရာတော်ဦးဝီရသူကို ပင့်ဖိတ် ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြော ကြားလိုက်တယ်လို့ သိရပါတယ်။
2014-09-26
အာဆီယံဒေသတွင်း ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေးဌာန ထူထောင်ရေးဆောင် ရွက်ဖို့ ထိုင်း လေတပ်ကာကွယ်ရေး ဦးစီး ချုပ်က အဆိုပြုခဲ့ပါတယ်။
2014-09-26
မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်ခွဲတွေ ဖွင့်ခွင့်ပြုမယ့် စာရင်းကို အခုစက်တင် ဘာလကုန်မှာ ကြေညာမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က ကတိပြုပြောကြား ခဲ့ပါတယ်။
2014-09-26
နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီရဲ့ မိုဘိုင်းဖုန်း Sim Card တွေကို စက်တင်ဘာ ၂၇ ရက် စနေနေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
2014-09-25
နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလူငယ်တချို့က Yangon School of Political Science (YSPS) ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအနှံ့သင်တန်းပေးနေတာ အခုဆိုရင် သုံးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
2014-09-25
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ သစ်တောဦးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် မူလပိုင်ရှင်လယ်သမားတွေက တိုင်းဒေသကြီးရုံးစိုက်ရာ မကွေးမြို့မှာ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2014-09-25
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အမှုတွေကို ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်တဲ့အကြောင်း ရေးသားပြုစုထားတဲ့ အစီရင်ခံစာတစောင်ကို Equality Myanmar အဖွဲ့၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့နဲ့၊ အာရှ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေး အဖွဲ့ စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပူးတွဲပြီး ထုတ်ပြန်လိုက်ပါတယ်။
2014-09-25
နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်တချို့က Yangon School of Political Science (YSPS) ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအနှံ့သင်တန်းပေးနေတာ အခုဆိုရင် သုံးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
2014-09-25
တောင်ကြီးမြို့အခြေစိုက် DEMO (ခေါ်) “တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့” ခေါင်းဆောင်- ပအိုဝ်းလူငယ်တဦးဖြစ်တဲ့ ကိုခွန်ခမ်းကောင်ဟာ နယူးယောက်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လူမျိုးများဆိုင်ရာညီလာခံမှာ သူ့ရဲ့အတွေ့အကြုံတွေကို ရှင်းလင်းပြောပြဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပါတယ်။
2014-09-25
အချိုးကျရွေးကောက်ပွဲစနစ် PR စနစ်ကို ကန့်ကွက်ရတာဟာ လွှတ်တော်အတွင်း ရွေးချယ် တင်မြှောက်မခံရတဲ့ ကိုယ်စားလှယ် ၂၅% ရှိနေတာကြောင့်ဖြစ်တယ်လို့ NLD ပါတီ ကိုယ်စားလှယ် တွေက ထောက်ပြပါတယ်။
2014-09-25
၁၉၉၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင် အထည်ဖေါ်ပေးဖို့ အဲဒီအချိန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသားတွေ ရဲ့တောင်းဆိုလို့ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ၂၄ နှစ်မြောက် အဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူတွေရဲ့ရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။