အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အမှုတွေကို ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်တဲ့အကြောင်း ရေးသားပြုစုထားတဲ့ အစီရင်ခံစာတစောင်ကို Equality Myanmar အဖွဲ့၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့နဲ့၊ အာရှ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေး အဖွဲ့ စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပူးတွဲပြီး ထုတ်ပြန်လိုက်ပါတယ်။ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။