အမျိုးသားပညာရေး ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု


2014.09.26
dagon-students-protest-education-bill-305.jpg ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်ထဲမှာ လမ်းလျှောက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win , Kyaw Lwin Oo / RFA

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်တွေ နဲ့ ပြန်လည်ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုထားတဲ့ အတိုင်းပြင်ဆင်ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့သွား မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက အခုလို ပြောပါတယ်။

"ဥပဒေကြမ်း၏ အခန်းခေါင်းစဉ် အပိုဒ်ခွဲအလိုက် အမှတ်စဉ်များကို လွှတ်တော်က အတည်ပြုပေး ထားသည့်အတိုင်း ပြန်လည်အမှတ်စဉ်သွား မည်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေတစ်ရပ်နဲ့အညီ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရေး အတွက် ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်""

အမျိုးသားပညာရေး ဥပဒေကြမ်းမှာ အချက် ၂၅ ချက်ကို ပြင်ဆင်ဖို့ နိုင်ငံတော်သမ္မတက သဘောထားပေးပို့ ခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်က ၁၉ ချက်ကို သဘောတူပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုရာမှာ ပုဒ်မ ၂၆ ပါ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်တဲ့ကျောင်းတွေမှာ လွတ်လပ်စွာ သင်ကြားသင်ယူမှုနဲ့ စီမံခန့်ခွဲရေးစနစ် ကျင့်သုံးဖို့ဆိုတဲ့အချက်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။