ဦးလွင်ကိုလတ်- ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း
2014.09.25
နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်တချို့က Yangon School of Political Science (YSPS) ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအနှံ့သင်တန်းပေးနေတာ အခုဆိုရင် သုံးနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းဦးဆောင်သူတွေထဲက ကိုမြတ်သူနဲ့ ကိုလွင်ကိုလတ်ဟာ အမေရိကန်ပြည်ထောင်စုကိုခေတ္တရောက်နေပါတယ်။ YSPS သင်တန်းကျောင်းရဲ့လှုပ်ရှားမှုနဲ့၊ ရည်မှန်းချက်တွေအပြင် လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အမြင်တွေနဲ့ ပတ်သက်ပြီး YSPS တည်ထောင်သူတွေထဲက ကိုလွင်ကိုလတ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။