သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-26
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ မဖြစ်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းချက် အပါအဝင် လူ့အခွင့်အရေးကော်မရှင်ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။
2019-07-26
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားရာကနေ လူပေါင်း (၃၈) ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဒီကနေ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2019-07-26
ရခိုင်ပြည်နယ်က မြို့နယ် ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်ထား တာကို ပြန်ဖွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-07-26
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်အကြံပြုချက်တွေအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပါတယ်။
2019-07-26
ရခိုင်အသင်း( စင်္ကာပူ)ရဲ့ ဥက္ကဋ္ဌအပါအဝင် စင်္ကာပူနိုင်ငံကနေ ပြန်ပို့ခံရတဲ့ စုစုပေါင်း ခြောက်ဦးကို ဇူလိုင်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်နဲ့ အမြန်လမ်းမတွေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
2019-07-26
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို AA အဖွဲ့က ဒီနေ့ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အထိအခိုက်ရှိခဲ့သလို အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-07-26
ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းမှူး အပါအဝင် ရဲအရာရှိ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖမ်းဆီးခေါ်သွားတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒါဟာ ကောလာဟလသာဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။
2019-07-25
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း တို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-07-25
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံခုံရုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ တင်သွင်းထားတဲ့ ကိစ္စ နှစ်ရပ်ကို ခုံရုံးက ပယ်ချလိုက်ပါတယ်။
2019-07-25
စက်မှုဝန်ကြီး ဦးခင်မောင်ချို ကို အဂတိလိုက်စားမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ရှိနေပြီး မကြာခင် တာဝန်ကနေ ရပ်ဆိုင်းဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။
2019-07-25
ရခိုင်တပ်တော် AA အဖွဲ့ကို ရန်ပုံငွေရှာဖွေထောက်ပံ့နေတယ်ဆိုပြီး စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရခိုင်လူမှုရေးအသင်း (စင်္ကာပူ) အဖွဲ့ခေါင်းဆောင်တွေ အပါအဝင် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ မနက်ဖြန်ရုံးထုတ်စစ်ဆေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2019-07-25
ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေတာဟာ အခြေခံဥပဒေပြဌာန်းချက်တွေနဲ့ ညီ မညီ အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက တင်ပြထားတာကို အခြေခံဥပဒေခုံရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-07-25
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကိုမိုးရာသီကာလအတွင်း အမိုးအကာအောက်ရောက် ရှိရေးဆောင်ရွက်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့မေလကပင် ကတိပေးထားခဲ့ပေမယ့် အခုဇူလိုင်လ နောက်ဆုံးပတ်ကို ရောက်လာတဲ့အထိ အစိုးရက ကတိအတိုင်းဆောင်ရွက်ခြင်း မရှိသေးပါဘူး။
2019-07-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်လာရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး မနက်ဖြန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2019-07-25
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင် က သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ပြန်ပို့ရေး အစီအစဉ်ကို လာမယ့် စက်တင်ဘာလလောက်မှာ စတင်နိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။