ရေနံချောင်းမှာ လူ ၃၀ကျော် သေဆုံးမှု ကော်မတီဖွဲ့ စစ်ဆေးမည်


2019.07.26
yaynanchaung-boat-sink-press-622.JPG မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားတဲ့ကိစ္စ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရှင်းလင်းစဉ်
ဓာတ်ပုံ - ဇော်တူး/RFA

မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားရာကနေ လူပေါင်း (၃၈) ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဒီကနေ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်ထဲက ဖရဲကျွန်းကျေးရွာနဲ့ ကံသာကျေးရွာတို့အကြား ဇူလိုင်လ (၂၃) ရက်နေ့က မြေနုကျွန်းပိုင်းဆိုင်မှု ပဋိပက္ခဖြစ်ရာမှာ အခုလို လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရတာပါ။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကတော့ ဖြစ်စဉ်တွေမှာ နှစ်ဖက်ပဋိပက္ခဖြစ်တာဖြစ်ပြီး ကျူးလွန်သူတွေကဦးအောင် တိုင်စာပေးပို့တာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခင်းဖြစ်ပွားရတဲ့အခြေခံဟာ မြေဧက (၇) ဧကလောက်ရှိတဲ့ မြေအပေါ် ပိုင်ဆိုင်လိုမှုကိုအခြေခံပြီး အခုလို ဖြစ်ပွားရတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့အတွက် ဖရဲကျွန်းကျေးရွာက လူပေါင်း (၃၈) ဦး ပျောက်ဆုံးခဲ့ပါတယ်။ ပြန်လည်တွေ့ရှိမှုမှာ၂၅ ဦးတိတိ ရုပ်အလောင်း ဆယ်ယူရရှိခဲ့ပါတယ်။ ရရှိလာတဲ့ရုပ်အလောင်းတွေမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုဇော်တူး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။