သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-21
ကနေဒါလူမျိုး တစ်ဦးနဲ့ မြန်မာလူမျိုး တစ်ဦးတို့ဟာ ကနေဒါနိင်ငံ အနောက်ဖက် Vancouver မြို့ကနေ မိုင်ပေါင်း ၂၈၀၀ ခန့်ရှိတဲ့ ကနေဒါအရှေ့ဖက်က Halifax မြို့အထိ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း အတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ နိင်ငံကို ဖြတ်ပြီး ခရီးရှည်ကြီးကို စက်ဘီးနဲ့ ခရီး နှင်ခဲ့တာ အခု Toronto မြို့ကို ဒီကနေ့ ဝင်လာလု နီးပြီလို့ Toronto မြို့က မြန်မာ့အရေး လှုပ်ရှားနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
2011-07-21
တရုတ်နိုင်ငံ အနောက်တောင် နယ်စပ် တစ်လျှောက် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒေသရှိ ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ပထမဆုံး အကြိမ် အဖြစ် တရုတ် အစိုးရက ယွမ်ငွေ တစ်သိန်းခန့် တန်ဖိုးရှိ ဆေးဝါးများကို ဇူလိုင် ၂၁ ရက်နေ့က ထောက်ပံ့ ပေးပို့ လိုက်တယ်လို့ ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
2011-07-21
အမျိုးသားလွှတ်တော်က တာဝန်ခံချက်များ ကော်မတီ ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ မေးမြန်းချက်
2011-07-21
ပူတာအိုထောင်က နိုင်ငံရေး အကျဉ်းသူ ရဲ့ သမီး မအေးချမ်းပြည့်ဟာ မနေ့က ကွယ်လွန်သွားပါတယ်။
2011-07-21
၁၉၈၈ မှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ စစ်ရာဇဝတ်မှုတွေ အတွက် ICC မှာ ထွက်ဆိုလိုကြောင်း ပြောပါတယ်။
2011-07-21
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ပြီးခဲ့တဲ့ရက်က မိုးအဆက်မပြတ် ရွာလို့ မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနေရာမှာ ဒီနေ့လည်း ဈေးတချို့ ဆက်လက် ပိတ်ထားရပြီး ဆင်ခြေဖုံးရပ်ကွက် (၂) ခုက ဒေသခံတွေ ဆိုရင် ချက်ပြုတ် စားသောက်ဖို့ ခက်ခဲနေတဲ့ အတွက် လူမှုရေး အဖွဲ့တွေက ထမင်းထုပ် ကူညီနေရတယ်လို့ သတင်းရရှိပါတယ်။
2011-07-21
ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၁ ပါတီ မဟာမိတ် အဖွဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုတွေ အတွက် ခုံရုံးဖွဲ့စည်းဖို့ နဲ့ အဲဒီ ခုံရုံးကနေ ရွေးကောက်ပွဲ ဥပဒေ အတိုင်း စည်းကမ်းတကျ ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
2011-07-21
နိုင်ငံရေးပါတီတွေ အားလုံးက ခေါင်းဆောင်တွေကို ဇူလိုင် ၂၇ ရက်နေ့ အရောက် နေပြည်တော်ကို မပျက်မကွက် လာရောက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။
2011-07-21
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းမယ့် သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားမည့် ဒေသက လယ်ယာ ခြံမြေတွေ သိမ်းဆည်းခံရကြောင်း သိရပါတယ်။
2011-07-21
လူမှုရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးရင်းက အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ခါးနာတဲ့ဒဏ်ကြောင့် ဒီကနေ့ ရုံးချိန်း မလာနိုင်ခဲ့သလို တရားရုံးကလည်း ပြင်ပ ဆေးကုသခွင့် မပြုခဲ့ဘူးလို့ သိရပါတယ်။
2011-07-21
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ချောင်းရေကျချိန်မှာ မိုးကသည်းထန်ပြီး ပင်လယ် ဒီရေလည်း တက်လာလို့ ဒီနေ့ မနက် ၂ နာရီလောက်ကစ ရေကြီးတဲ့ အတွက် တောင်ကုတ်-ပန်းတောင်းလမ်းက နေအိမ်တွေ ရေမြုပ်ကုန်ပြီး မြို့ထဲမှာလည်း ရေ ၃ ပေကျော်လောက် တက်သွားတယ်လို့ သိရပါတယ်။
2011-07-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တဦးဖြစ်သူ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်နေ ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ကို မိတ္ထီလာ မြို့နယ်မှာကျင်းပတဲ့ ၁၅ မြို့နယ် အစည်းအဝေး တက်ရောက်ရာက အပြန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ SB၊ စရဖ၊ လဝက ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
2011-07-20
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှှုတွေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖေါ်ထုတ်တဲ့အတွက် အမေရိကန် အစိုးရက လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ပြီး ချမှတ်ထားတဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက အမေရိကန် အောက်လွှတ်တော်က ထပ်မံ သက်တမ်း တိုးမြှင့်လိုက်ပါတယ်။
2011-07-20
မြန်မာဖက်က တာချီလိတ်မြို့နဲ့ မျက်နှာချင်းဆိုင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ထိုင်း ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦး အပြန်အလှန် ပစ်ခတ်ရာမှာ ၁ ဦးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စိတ်ကြွ ဆေးပြား ၁ သန်းကျော်နဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် Nation သတင်းစာက ရေးပါတယ်။
2011-07-20
လူငယ် ကွန်ရက် အဖွဲ့က ဆောင်ရွက်နေတဲ့ အသေးစား ငွေထုတ်ချေးရေး အစီအစဉ်ဟာ အောင်မြင်မှု ရနေပြီး သတ်မှတ်ထားတဲ့ လူဦးရေထက် တိုးချဲ့ ငွေချေးနိုင်ခဲ့တယ်လို့ သိရပါတယ်။