ကိုထူးထူးဟန်ရဲ့ စစ်ရာဇဝတ်မှု

၁၉၈၈ မှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ စစ်ရာဇဝတ်မှုတွေ အတွက် ICC မှာ ထွက်ဆိုလိုကြောင်း ပြောပါတယ်။

2011.07.21

သြစတြေးလျနိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံနေထိုင်ခွင့် ရရှိခဲ့တဲ့ ကိုထူးထူးဟန် ဆိုသူက သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာ ဝန်ခံ ထွက်ဆိုလိုကြောင်း ပြောဆိုလိုက်ပါတယ်။

စစ်ထောက်လှမ်းရေး အမှတ်-၆ အရာရှိ တဦး အနေနဲ့ လူတစ်ရာခန့်ကို သတ်ဖြတ်ဖို့ သူအမိန့်ပေးခဲ့ကြောင်း၊ သူကိုယ်တိုင် အဲဒီအချိန်က ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ ၂၄ ဦးကို အနီးကပ် ပစ်သတ်ခဲ့ကြောင်း၊ လူထုကြားကို ဆန္ဒပြသူတဦးအနေနဲ့ ထိုးဖေါက်တာဝန်ယူခဲ့ပြီး အကျဉ်းထောင်တွေမှာပါ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ဟန်ဆောင်တာဝန်ယူခဲ့ကြောင်း၊ နိုင်ငံတကာမှာ မြန်မာ အစိုးရအတွက် ထောက်လှမ်းရေးအဖြစ် လက်ရှိ လုပ်ကိုင်နေသူတွေ အများအပြား ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ လက်ရှိ သြစတြေးလျနိုင်ငံသား ကိုထူးထူးဟန်က မြန်မာအစိုးရရဲ့ လုပ်ရပ်တွေ ပေါ်ပေါက်ရေးကို ပံ့ပိုးရာရောက်အောင် သူကျူးလွန်ခဲ့တဲ့ ဆန္ဒပြသူတွေ သတ်ဖြတ်မှု အပါအဝင် ပြစ်မှု မျိုးစုံ အတွက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာ ဝန်ခံ ထွက်ဆိုလိုကြောင်း ပြောဆိုပါတယ်။

ကိုထူးထူးဟန်နဲ့ RFA ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက် (၁)
အသံဖိုင်ယူရန်။

ဆက်သွယ်မေးမြန်းချက် (၂)
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-23 01:00

good idea

Anonymous
2011-07-23 00:59

carry on

Anonymous
2011-07-25 03:52

ကောင်းပါတယ် စိတ်ကူး