တည်ဆဲပါတီ ခေါင်းဆောင်တွေ နေပြည်တော် ဆင့်ခေါ်

နိုင်ငံရေးပါတီတွေ အားလုံးက ခေါင်းဆောင်တွေကို ဇူလိုင် ၂၇ ရက်နေ့ အရောက် နေပြည်တော်ကို မပျက်မကွက် လာရောက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

2011.07.21
parliament_election_naypyidaw_305_z.jpg ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တည်ဆဲ ၃၇ ပါတီက တစ်ပါတီကို ခေါင်းဆောင် ၂ ဦးကျစီ လာရောက်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပြီး၊ တက်ရောက်မည့်သူ နာမည် စာရင်းကို မနက်ဖြန် ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဥက္ကဌ၊ အတွင်းရေးမှူး စသဖြင့် ၂ ဦးကျစီဖိတ်ကြားထားကြောင်း၊ ၂၇ ရက်နေ့ မနက် ၁၀ နာရီမှာ တက်ရောက်ရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

နိုင်ငံရေးပါတီအားလုံးက ခေါင်းဆောင်တွေကို နေပြည်တော်ကို လာဖို့ ဒီလို ဆင့်ခေါ်တာဟာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီ ဖွဲ့စည်းရေး ဥပဒေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ကြောင်းသာ ဖိတ်စာမှာ ဖော်ပြထားပြီး၊ ခေါ်ယူတဲ့ အကြောင်းရင်း အသေးစိတ်ကို မသိရှိကြောင်း NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံရေး ပါတီ ခေါင်းဆောင်တဦး ကတော့ ရွေးကောက်ပွဲ ကော်မရှင်က အခုလို ခေါ်ယူတာဟာ နိုင်ငံရေး ပါတီတွေကို ပြည်ပ သတင်း မီဒီယာတွေနဲ့ ဆက်သွယ် ပြောဆိုခြင်း မပြုဖို့၊ ပါတီတွေ စုပေါင်း မဟာမိတ်ဖွဲ့မှု၊ ကြေညာချက် ထုတ်ပြန်မှု စတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ခေါ်ယူ သတိပေးဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-21 08:13

Burmese Gov is stand for democracy or communist; they look like admiring too much different class between the country's citizens. Every citizens should have equal right with respect to each other according to the constitution.