အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး လုပ်ငန်း အထောက်အကူပြု အဖွဲ့က ကမကထပြုပြီး တောင်ဥက္ကလာပ လူငယ် ကွန်ရက် အဖွဲ့က ဆောင်ရွက်နေတဲ့ အသေးစား ငွေထုတ်ချေးရေး အစီအစဉ်မှာ တောင်ဥက္ကလာ မြို့နယ်တွင်းက လက်လုပ်လက်စား မိသားစု ၅၀ ကို တစ်လကို ငွေနှစ်သောင်းကျပ် အတိုးမဲ့ ချေးငွေထုတ်ပေးရာက အခု နှစ်လအတွင်း မိသားစု ၁၅၀ ကျော် ထုတ်ချေးနိုင်ခဲ့တယ်လို့ တောင်ဥက္ကလာ လူငယ် ကွန်ယက် အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းသူ တစ်ဦး ဖြစ်တဲ့ ဒေါက်တာစောနိုင်က ပြောပါတယ်။
ဒီအစီအစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး လုပ်ငန်း အထောက်အကူပြု အဖွဲ့က ကမကထ ပြုထုတ်ပေးတဲ့ ရင်းနှီးငွေ ကျပ် ၁၀ သိန်းနဲ့ လူတစ်ဦးကို နှစ်သောင်းနှုန်း ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။ ငွေချေးသူတွေဘက်က တစ်နေ့ကို ၇၀၀ ပြန်ဆပ်ရပါတယ်။ ဒီအစီအစဉ် စတင်ခဲ့စဉ်က တောင်ဥက္ကလာဈေးက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကိုသာ ချေးငွေ ထုတ်ပေးခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ လက်လုပ် လက်စား မိသားစုတွေကိုပါ ချေးငွေ ထုတ်ပေးလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လဆန်းက စတင်လာခဲ့တဲ့ ဒီအစီအစဉ်ကို ပထမ ၃ လ စမ်းသပ် လုပ်ဆောင်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပေမဲ့ နောက်ထပ်လည်း ရင်းနှီးငွေ ပမာဏ တိုးမြင့်သွားနိုင်ဖို့ လူဦးရေ များများ ကို ငွေထုတ်ချေးနိုင်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
တောင်ဥက္ကလာ လူငယ် ကွန်ယက် အဖွဲ့ရဲ့ အသေးစား ငွေချေး အစီအစဉ် အကြောင်း ဒေါက်တာစောနိုင်ကို ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမှု လျော့ပါးရေး အထောက်အကူ အဖြစ် အသေးစားချေးငွေ လုပ်ငန်းတွေကို သီးခြား လုပ်ခွင့်မရဘဲ ၂၀၀၉ နောက်ပိုင်းမှာမှ လုပ်နိုင်တာလို့ သိရပါတယ်။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါလိမ့်မယ်။