မယ်တော်ဆေးခန်း ရန်ပုံငွေအတွက် မြန်မာစက်ဘီးသမား မိုင် ၂၈၀၀ ခရီးနှင်

ကနေဒါလူမျိုး တစ်ဦးနဲ့ မြန်မာလူမျိုး တစ်ဦးတို့ဟာ ကနေဒါနိင်ငံ အနောက်ဖက် Vancouver မြို့ကနေ မိုင်ပေါင်း ၂၈၀၀ ခန့်ရှိတဲ့ ကနေဒါအရှေ့ဖက်က Halifax မြို့အထိ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း အတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ နိင်ငံကို ဖြတ်ပြီး ခရီးရှည်ကြီးကို စက်ဘီးနဲ့ ခရီး နှင်ခဲ့တာ အခု Toronto မြို့ကို ဒီကနေ့ ဝင်လာလု နီးပြီလို့ Toronto မြို့က မြန်မာ့အရေး လှုပ်ရှားနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

2011.07.21
cynthia_maung_med_records_3.jpg ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး မယ်တော်ဆေးခန်းတွင် လူနာမှတ်တမ်းများ စစ်ဆေး ကြည့်ရှုနေသော ဒေါက်တာ စင်သီယာမောင် ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

 

စက်ဘီးသမား အလုပ်သမားရှေ့နေ Rod Germaine နဲ့ စက်ဘီးသမား ABSDF ရဲဘော်ဟောင်း ကိုစိုးနိင် တို့ကို Toronto မြို့ရှိ "အမေ့အိမ်" စားသောက်ဆိုင်မှာ ဂုဏ်ပြု ဧည့်ခံပြီး ဆိုင်မှာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေအပြင် ဆိုင်ကရောင်းချလို့ ရရှိထားတဲ့ ငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုလည်း ပေးလှူကြဘို့ စီစဉ်ထားတယ်လို့လည်း ကိုစည်သူက ပြောပါတယ်။

 

မြန်မာပြည်သူတွေ နယ်စပ်ဖက်ကနေ ခဲရာခဲဆစ် မဲဆောက်ရှိ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်း ကို ဆေးကုသဖို့ လာရောက်ကြတာ ကို တွေ့ရှိရာမှာ ခံစားမိလို့ အခုလို ရန်ပုံငွေရှာဖို့ ဖြစ်လာရတယ် ဆိုတာကိုလည်း ကိုစည်သူက ပြောပါတယ်။

 

"မြန်မာပြည်က ပြည်သူတွေက မဲဆောက် တံတားအောက်ကနေ ကားတာယာတွေနဲ့ ကူးပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းမှာ လာကုရတာ မြင်ရတော့ ကျနော် မျက်ရည်ကျခဲ့ရတဲ့ထိ ခံစားရပါတယ်။ ဒေါက်တာ စင်သီယာကို ကူညီ နိုင်ရင် ကျနော်တို့ ပြည်သူတွေ ကို ကူညီနိုင်တာနဲ့ အတူတူ ပါဘဲ။ Fund raising အောင်မြင်အောင် မရ ရအောင် ကျနော်တို့ ကြိုးစားနေတာပါ။ "

 

Torontoမြို့ကနေ ကိုစိုးနိင်နဲ့ Rod Germaine တို့ဟာ ဇွန်လက စတင် ခရီးနှင်ခဲ့တဲ့ စက်ဘီးခရီးရှည်ကို နောက်ထပ် မိုင် ၇၅၀ ခန့် စီးနင်းမောင်းနှင်ပြီး Halifax မြို့မှာ ရန်ပုံငွေရှာပွဲကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။