သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-22
ရက္ခိုင့်တပ်တော် AA ဟာ အရပ်သားတွေနဲ့ ရောနှောနေပြီး လူထုကို အသုံးချနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-06-22
ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။
2019-06-22
၂ဝ၁၉ ဇွန် ၂၂ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-06-22
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီးမှာရှိတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေ ယာဉ် တစ်စီး ဒီနေ့မနက်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခံရတာကြောင့် ရေယာဉ် ကိုယ်ထည်ပိုင်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး စစ်သည်အချို့လည်း ဒဏ်ရာရသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကိုပြောပါတယ်။
2019-06-22
လွိုင်ကော်အခြေစိုက် သတင်းထောက် သုံးယောက်နဲ့ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်၊ ဒေသခံ တောင်သူ ရှစ်ယောက် စုစုပေါင်း ၁၂ ယောက် ကို တပ်မတော်က ဥပဒေပုဒ်မ ၁၀/၁၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒီမောဆိုမြို့မ ရဲစခန်းကနေ သိရပါတယ်။
2019-06-22
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက် ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2019-06-22
ကမ္ဘာတလွှား စီပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာပေမယ့် မြန်မာ့စီးပွားရေးကတော့ အခုနှစ်အတွင်း အနည်းငယ် တိုးတက်လာသလို ရှေ့ဆက်ပြီး တဖြေးဖြေးချင်း တိုးတက်လာဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
2019-06-21
စစ်ကိုင်းတိုင်းကနေ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီးမှာ ဖုန်းအဟောင်းလိုက်လံဝယ်သူ လေးဦး တစ်လနီးပါး ပျောက်ဆုံးနေပြီး မိသားစုနဲ့အဆက် အသွယ်မရဖြစ်နေပါတယ်။
2019-06-21
တိုင်းရင်းသားလူနည်းစုတွေကို ရက်စက်စွာဖိနှိပ်မှုအတွက် မြန်မာ့တပ်မတော်ကို ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အဆိုပြုချက်ကို ပါတီနှစ်ရပ်လုံးက အမတ်တွေပါဝင်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ကြာသပတေးနေ့မှာ ထောက်ခံလိုက်ပါတယ်။
2019-06-21
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့၂ဝ၁၈ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာပါ မြန်မာနိုင်ငံက ဘာသာရေးအခြေအနေများ အကျဉ်းကို တင်ပြထားပါတယ်။
2019-06-21
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ပေါက်တောပြင်ကျေးရွာနားမှာ အလုပ်လုပ်နေတဲ့ ရွာသား အယောက် ၂ဝ နီးပါးကို တပ်မတော်စစ်ကြောင်းတခုက မနေ့နေ့လည်က ဖမ်းဆီးသွားခဲ့သလို ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြပါတယ်။
2019-06-21
ကမ္ဘာတလွှား စီပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာပေမယ့် မြန်မာ့စီးပွားရေးကတော့ အခုနှစ်အတွင်း အနည်းငယ် တိုးတက်လာသလို ရှေ့ဆက်ပြီး တဖြေးဖြေးချင်း တိုးတက်လာဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
2019-06-21
မြန်မာနိုင်ငံမှာ လိင်တူချစ်သူချင်း လက်ထပ်ထိမ်းမြားမှုတွေ သိသိသာသာ တိုးလာနေပါတယ်။ သူတို့တွေ အတွက် ဥပဒေအရ အကာအကွယ်ပေးတာတွေ မရှိတဲ့အပြင်၊ ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံနေရပါတယ်။
2019-06-21
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဟာ လူမြင်ကွင်းမှာ နှစ်အတော်ကြာ ပျောက်နေရာကနေ ပြီးခဲ့တဲ့အပတ်ကတော့ သားမက်ဖြစ်သူရဲ့နာရေးကို တက်ရောက်ခဲ့တာ အမှတ်မထင် ပြန်တွေ့ကြရပါတယ်။ ဒီနာရေးကိုအကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီကို ရေးသားခဲ့တဲ့စာက အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
2019-06-21
NLD အစိုးရကို ဖယ်ရှားဖို့အထိ လှုံ့ဆော်ခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ညီလာခံမှာ တပ်မတော်က ငွေသိန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ကိစ္စဟာ လူအတော်များများကြားမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိ အစိုးရကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားတဲ့ ဒီအဖွဲ့နဲ့ တပ်မတော်ကြား ဆက်ဆံရေးက ဘယ်ကို ဦးတည်နေပါသလဲ ...။