ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ


2019.06.21

 

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဟာ လူမြင်ကွင်းမှာ နှစ်အတော်ကြာ ပျောက်နေရာကနေ ပြီးခဲ့တဲ့အပတ်ကတော့ သားမက်ဖြစ်သူရဲ့နာရေးကို တက်ရောက်ခဲ့တာ အမှတ်မထင် ပြန်တွေ့ကြရပါတယ်။ ဒီနာရေးကိုအကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီကို ရေးသားခဲ့တဲ့စာက အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့အခန်းကဏ္ဍ ရှိနေတုန်းပဲလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ ဆက်ဆံရေးကရော လက်ရှိနိုင်ငံရေးမှာ ဘယ်လောက် အရေးပါသလဲ ဆိုတာနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။

(ရိုက်ကူး - ကျော်လွင်ဦး)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။