သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-20
ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ကရင် ပြည်နယ်မှာ သက်ဆိုင်သူ အားလုံး ပါဝင် ဆွေးနွေးပြီး ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက် ပါတယ်။
2011-06-20
မြန်မာနိုင်ငံက နိုင်ငံရေး ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် ကုလသမဂ္ဂ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ ပေါ်ပေါက်လာအောင် ထပ်မံ တိုက်တွန်း ပေးစေချင်ကြောင်း ဗြိတိန် နိုင်ငံ လန်ဒန်မြို့ အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
2011-06-20
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna ဟာ နှစ်ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ စတင် ရောက်ရှိမှာ ဖြစ်ပြီး စီးပွားရေးနဲ့ မဟာဗျူဟာမြောက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးမယ်လို့ အိန္ဒိယ အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။
2011-06-20
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့က KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ် ရုံးတခုမှာ မနေ့က ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။
2011-06-19
စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ကချင်လူထုကို အကူအညီပေးရေး အတွက် တရုပ်ပြည်မှာ နေထိုင်တဲ့ ကချင်ရိုးရာ ကော်မတီအဖွဲ့ဝင်တွေ မနေ့က ညပိုင်းက KIO ဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိတယ်လာလို့ သိရပါတယ်။
2011-06-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့က အစ မလေးရှား၊ စင်္ကာပူ နိုင်ငံတွေမှာ ကျင်းပခဲ့ကြသလို၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေ၊ သြစတေးလျနဲ့အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။
2011-06-19
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ဒီနေ့ နေ့လည် ၁ နာရီမှာ စတင် ကျင်းပခဲ့ပါတယ်။
2011-06-19
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-06-19
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှာ KIO ကချင်တပ်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား တသောင်းကျော် စစ်ပြေးဒုက္ခသည် ဖြစ်ခဲ့ရတဲ့ အခြေ အနေတွေကို အခြေပြုဆွေးနွေးထားကြပါတယ်။
2011-06-19
သဘောတူညီချက်အတိုင်း အလုပ်သမားခံစားခွင့် အာမ,ခံ မပေးနိုင်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေပေးရေး အလုပ်သမား အေဂျင်စီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ သိရပါတယ်။
2011-06-19
အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ်ကို သောကြာနေ့က ရောက်လာတယ်လို့ သိရကြောင်း တွေ့ဆုံပွဲမှာ ပါတဲ့ KIO အရာရှိတွေကို ကိုးကားပြီး ထိုင်းအခြေစိုက် ကချင်သတင်းဌာန KNG က ဖော်ပြထားပါတယ်။
2011-06-19
နိုင်ငံတကာက မြန်မာ့အရေး ကူညီ ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက် စာမျက်နှာတခုကို ဒီကနေ့ နေ့စွဲနဲ့ ဖွင့်လှစ် ထုတ်ဝေလိုက်ပါတယ်။
2011-06-18
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း မိတ်ဆွေတွေပေးတဲ့ လက်ဆောင်တွေကို လူမှုရေးရန်ပုံငွေ ရရှိအောင် ရွှေဂုံတိုင် NLD ဌာနချုပ်မှာ ပြုလုပ်နေတဲ့ ဈေးရောင်းပွဲတော်မှာ ရောင်းချဖို့ လှူဒါန်းလိုက်တဲ့အတွက် ပစ္စည်းရောင်းရငွေ ၅ သိန်း နီးပါး ရရှိနေတယ်လို့ သိရပါတယ်။
2011-06-18
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံတကာ အနေနဲ့ကုန်သွယ်မှု ဆက်ဆံရေးတွေ တိုးမြှင့် လုပ်ဆောင်ဖို့အချိန် မတန်သေးကြောင်း ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လစ်ဘရယ်ပါတီများ ညီလာခံမှာ မနေ့က တညီတညွတ်တည်း သဘောထား ပေးခဲ့ကြပါတယ်။
2011-06-18
သီတဂူဆရာတော် အရှင် ဉာဏိဿရ က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းပြီး တိုင်းပြည်အတွက် ဆောင်ရွက်ကြဖို့ လိုအပ်ပုံကို ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။