ငြိမ်းချမ်းရေးသာ လိုချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2011.06.19

“ကျမကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ အေးအေးဆေးဆေးနဲ့၊ သာသာယာယာနဲ့၊ ဝဝပြောပြောနဲ့ နေနိုင်ဖို့ … အဲဒီတော့ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ သာယာဖို့ ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျမရဲ့ မွေးနေ့ဆုတောင်းကတော့ ကျမတို့ အားလုံး ငြိမ်းချမ်းကြပါစေ ဆိုတဲ့ ဆုတောင်းပါပဲ”
ရန်ကုန်မြို့ NLD ဌာနချုပ်မှာ ကျင်းပတဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောကြားလိုက်တဲ့ စကားပါ။
မြန်မာနိုင်ငံမှာ အခုရက်ပိုင်း ပြန်စနေတဲ့ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ဖို့၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့ အားလုံးက ဝိုင်းဝန်းကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဒီလို ဝိုင်းဝန်း ကူညီရာမှာ စလုပ်ရမယ့် အလုပ်က အတွေးအခေါ် ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းရေး ဆိုတဲ့ အတွေးအခေါ် ပြုစုပျိုးထောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မွေးနေ့မိန့်ခွန်း ကောက်နှုတ်ချက်တွေကို ကိုနေရိန်ကျော်က ကောက်နှုတ် တင်ပြထားပါတယ်။
![]() |
ကောက်နှုတ်တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |