သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-29
ရက္ခိုင့်တပ်တော် (AA) က စစ်ရေးအရှိန်မြှင့်လာချိန်မှာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကိုလည်း တိုက်ပွဲတွေ ကူးစက်လာမှာ စစ်ကောင်စီက စိုးရိမ်နေပါတယ်။
2024-05-29
တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ တစ်ပတ်ခန့်အကြာ စစ်ကြောင်းထိုးနေတာကြောင့် လူငါးထောင်ကျော် ထွက်ပြေးနေရပြီး စစ်ကြောင်းထိုးစဉ် လက်နက်ကြီးနဲ့ပစ်ခတ်လို့လည်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-05-29
SSPP/SSA နဲ့ RCSS/SSA တို့အကြား အပစ်ရပ်ရေး ကြေညာထားပြီးနောက်ပိုင်း RCSS တပ်ဖွဲ့က SSPP တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ခြုံခိုတိုက်ခိုက်တွေ အကြိမ်ကြိမ်ပြုလုပ်လာတယ်လို့ SSPP က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-29
ရေးမြို့နယ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ လက်ကျန်စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စက်သုံးဆိုင်အများစုက ပိတ်ထားရပါတယ်။
2024-05-28
ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ ၄၉,၀၀၀ ကျော်ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-28
မြို့သုံးမြို့နဲ့ တပ်စခန်း ၁၁ ခုကို တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အဲဒီနေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီလို့ BACS က မေလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-05-28
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ်သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် မေ ၂၈ ရက်နေ့မှာ လိုက်လံဖမ်းဆီးစုဆောင်းခဲ့ပါတယ်။
2024-05-28
အမေရိကန်အစိုးရ ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင် တာဝါကတော့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာနဲ့ ရခိုင်အသိုက်အဝန်းနှစ်ခုကြားမှာ တင်းမာမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ အောင်မြင်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
2024-05-28
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့အထဲ တပ်မတော်သားဟောင်းတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးလည်း ပါဝင်ပါတယ်။
2024-05-28
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မိုးရွာသွန်းတာနဲ့ မြေပြိုတာတွေကြောင့် အရပ်သား သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
2024-05-28
စစ်ကောင်စီကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းဖို့နဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ပါတီက ကြေညာချက်ထုတ်ပြန်ပါတယ်။
2024-05-28
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးတဲ့ ချဉ်းကပ်မှုအမှားတွေကို သင်ခန်းစာယူဖို့လိုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
2024-05-28
အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးစျေးကွက် စိုးရိမ်စရာကောင်းအောင် ကြီးထွားနေပြီး မြန်မာနိုင်ငံက ရှမ်းပြည်နယ်ဟာ အဓိကစျေးကွက်ဖြန့်တဲ့နေရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ပြောလိုက်ပါတယ်။
2024-05-28
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆန်တိုဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးကို မေ ၂၈ ရက် မနက်က မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
2024-05-28
ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ဈေးရှိနေပြီး ရွှေဈေးနှုန်းက အကျဘက်မရှိဘဲ ဆက်လက်မြင့်နေပါတယ်။