သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-27
ဧပြီလ ၂၇ ရက်ဒီနေ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နဲ့ တခြားမြို့နယ်တို့မှာ လူငယ်များစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2021-04-27
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို ဧပြီလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်လောက် အာဏာသိမ်း စစ်ကောင်စီက ယာဉ်တန်း ၉ စီးခန့်လောက်နဲ့ တက်လာတာကြောင့် မင်းတပ်မြို့နဲ့ ၅ မိုင်ခန့်အကွာ ဂေါက်ကွင်းနား မှာ ဒေသခံ ပြည်သူတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
2021-04-27
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလ အတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူတွေကို အမှုပြန်ရုပ်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်က RFA ကို ပြောပါတယ်။
2021-04-27
ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ ပြည်သူတွေရဲ့ ခံတပ်အတားအဆီးတွေကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ဧပြီလ ၂၆ ရက် မနေ့က လိုက်လံဖျက်ဆီး ရင်းပစ်ခတ်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးပေါ်လူ ကျည်အစစ် ထိမှန်သေဆုံးသွားပါတယ်။
2021-04-27
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို ဧပြီလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်လောက် အာဏာသိမ်း စစ်ကောင်စီက ယာဉ်တန်း ၉ စီးခန့်လောက်နဲ့ တက်လာတာကြောင့် မင်းတပ်မြို့နဲ့ ၅ မိုင်ခန့်အကွာ ဂေါက် ကွင်းနားမှာ ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
2021-04-27
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး သံလွင်မြစ်တစ်ဘက်ကမ်း၊ သောလယ် ထာ့ (မဲ့စန်လက်) ဒေသရှိ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ ဧပြီလ ၂၇ မနက် စောစောအချိန်လောက်မှာ KNU ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ကြောင်း ဒေသခံတွေကို ကိုးကားပြီး ကရင်သတင်းအေဂျင်စီ (KNC) က သတင်း ထုတ်ပြန်ထားပါတယ်။
2021-04-26
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဧပြီ ၂၆ ရက်နေ့မှာ အဖွဲ့ဝင် နောက်ထပ် သုံးဦး ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တဲ့အတွက် စုစုပေါင်း အဖွဲ့ဝင်၂ဝ ရှိသွားပါပြီ။
2021-04-26
အခုအပိုင်းမှာတော့ မနေ့က မိတ္ထီလာမှာ သေဆုံးခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်သွင်အကြောင်း၊ တပ်မတော်ထဲမှာ ဗိုလ်ချုပ်သောင်းထိုက်ရွှေလို အရာရှိကောင်းတွေ ဖယ်ရှားခံရပုံအကြောင်း နဲ့ တိုင်းရင်းသားတွေ နှစ်ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း စတဲ့ အချက်တွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။
2021-04-26
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီရေးတောင်းဆိုသူတွေကို အကြမ်းဖက် နှိမ်နင်း သတ်ဖြတ်နေရုံတင်မက အင်တာနက်ဖြတ်တောက်မှုတွေ၊ ပြည်သူတွေရဲ့ တယ်လီဖုန်းသုံးစွဲမှုတွေကိုလည်း သံသယကြီးကြီးနဲ့ အရေးယူဖိနှိပ်နေတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်း လွတ်လပ်ခွင့်တွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေပါတယ်။
2021-04-26
အီတလီနိုင်ငံ Genoa မြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ ဧပြီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံအတွက်နဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသွားသူတွေကို ရည်စူးပြီး ဆရာတော်ကြီးတွေက မေတ္တသုတ် ရွတ်ဖတ် ဆုတောင်းပေးခဲ့ကြပါတယ်။
2021-04-26
ထားဝယ်မြို့နဲ့ မိုးကုတ်မြို့မှာ ဧပြီလ ၂၆ ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြပါတယ်။
2021-04-26
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ တရားမဝင်တဲ့အသင်းဖြစ်တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ မနေ့က ကြေညာခဲ့ပါတယ်။
2021-04-26
မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့ က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
2021-04-26
ဒီကနေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။
2021-04-26
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင်၊ စုစုပေါင်း ရာဇဝတ်ပုဒ်မ ခြောက်ခုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ဆေးကြားနာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ သူ့အမှုအတွက် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။