သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-27
၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်အခြေအနေဟာ ၁၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Freedom House အဖွဲ့က ဧပြီ ၂၇ ရက် မနေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
2016-04-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ပင်လုံညီလာခံကို လာမယ့် တစ်လနှစ်လအတွင်းကျင်းပဖို့ ပြောကြားလိုက်တာဟာ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ ကျကျအကောင်အထည်ဖော်မယ့် သဘောဖြစ်တယ်လို့ ယူဆကြောင်း ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမြအေး က သုံးသပ်ပါတယ်။
2016-04-27
ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ ဟက်တာ ၁ ဒသမ ၅ သန်း လျော့နည်း သွားကြောင်း စိမ်းလန်းအမိမြေအသင်းက သုတေသန စစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။
2016-04-27
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဥပဒေပညာရှင် ၁၃ ဦးနဲ့ တွေ့ဆုံပြီး ဥပဒေစိုးမိုးရေးရှိအောင် နည်းလမ်းရှာဆောင်ရွက်ရေးနဲ့ တရားရုံးတွေကို စောင့် ကြည့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2016-04-27
ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား ဂျက်တိုက်လေယဉ် ၃ စင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံက ဝယ်ယူထားပြီး၊ ဒီနှစ်ကုန်ပိုင်းမှာ ပို့ပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ လေယဉ်မှူးနှစ်ယောက်စီး အမျိုးအစားဖြစ်သလို တစ်စီးကို အမေရိကန်ဒေါ်လာ ၁၅ သန်း တန်ပါတယ်။
2016-04-27
သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦး ကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ ထုတ်ပယ် လိုက်တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံ ကနေသာ ဆုံးဖြတ်ပေးရမှာဖြစ်ကြောင်း သူရဦးရွှေမန်း က ပြောပါတယ်။
2016-04-27
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် အစီအစဉ်တွေကို တစ်လ၊ နှစ်လ အတွင်း ပြီးမြောက်အောင် ဆောင်ရွက်စေချင်ကြောင်း နိုင် ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2016-04-27
စင်္ကာပူနိုင်ငံက Punggol လို့ခေါ်တဲ့ ပန်းခြံ မှာ ယာယီတဲထိုးပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေပါဝင်နေ တယ်ဆိုပြီး စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ဆောင်းပါးရေးသားဖော်ပြချက်ဟာ မှား ယွင်းကြောင်း သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ရဲ့ အတည်ပြု ချက်ရယူ ပြီးဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။
2016-04-27
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန် မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူလိုက်ပါတယ်။
2016-04-27
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေး ဖို့ ကျောက်တော်မြို့မှာ ဒေသခံ ၁၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-27
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ စစ်ပြေးဒုက္ခသည် ၇ ရာနီးပါး ရှိနေပါတယ်။ ဒီဒုက္ခသည်တွေက မူလကျေးရွာတွေ မှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ချင် ကြတယ်လို့ ပြောပါတယ်။
2016-04-27
အခုတစ်ပတ်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ အပါအဝင် သယံဇာတ ထုတ်ယူသုံးစွဲတာတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး- ဘယ်လို ဆက်စပ်ပတ်သက်နေသလဲဆိုတာကို အင်းတော်ကြီးဒေသ မိုင်းနောင်ရွှေတွင်းတွေ အကြောင်းကို အခြေခံပြီး RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2016-04-27
ရန်ကုန်မြို့အခြေစိုက် အစ္စလာမ့်ဗိမ္မာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2016-04-27
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် ၂ဝ လောက်က လုပ်ငန်းရှင်တွေ မနေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ တွေ့ဆုံပြီး စက်မှုဇုန်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။
2016-04-27
သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးကို NLD အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် Horizon Lake View ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။