အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး
2016.04.27
သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးကို NLD အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် Horizon Lake View ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးခဲ့ကြတဲ့အထဲက တချို့ကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က ကောက်နှုတ်တင်ပြထားပါတယ်။