သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-20
NLD လူငယ်များ စုပေါင်း ဖွဲ့စည်းထားတဲ့ သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေဟာ တိုက်ကြီးမြို့နယ်ရှိ သောက်သုံးရေ လိုအပ်တဲ့ ရွာနှစ်ရွာကို ဧပြီ ၂၀ ရက် ဒီကနေ့ လက်တွန်း ရေစုပ်စက်များ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2011-04-20
မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့် ထိန်းချုပ် ပိတ်ပင်ခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုတိယမြောက် အဆိုးဆုံး ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် အခြေစိုက် Freedom House အဖွဲ့က ပြောပါတယ်။
2011-04-20
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်ကို တောင်းဆိုခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2011-04-20
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်တဦး ခန့်ထားဖို့ အမေရိကန် သမတက အဆိုပြု ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နောက်ထပ် အဆင့်တဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ဧပြီ ၁၉ ရက် မနေ့က ပြောလိုက်ပါတယ်။
2011-04-19
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တောင်ဘက်မှာ ပင်လယ်တွင်းက လူတရပ်ကျော်မြင့်တဲ့ လှိုင်းလုံးများ ရုတ်တရက် မြင့်တက် လာတာကြောင့် ကမ်းမှာကပ်ထားတဲ့ ငါးဖမ်းစက်လှေ ၂၀ လောက် နစ်မြုပ်သွားပြီး ကမ်းနား သဲသောင်ခုံမှာ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
2011-04-19
ပဲခူးတိုင်း သာယာဝတီမြို့နယ်နဲ့ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်အတွင်းက လယ်သမားတွေဟာ နွေစပါး မစိုက်မနေရ စိုက်ခိုင်းတာကြောင့် အခက်အခဲ တွေ့ကြုံနေကြရတယ်လို့ သိရပါတယ်။
2011-04-19
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ (ယာယီ)လက်အောက်ခံ ခလရ ၁၅၂ က အကြပ်၊ တပ်သား ခြောက်ယောက်ဟာ လက်နက် ၉ လက်နဲ့အတူ SSA တောင်ပိုင်းကို ဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မွန်းက RFA ကို ပြောပါတယ်။
2011-04-19
ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်က လေးနိုင်မြို့နယ် ဒါချတာလမ်းမ သုစဝါလမ်းသွယ်မှာ ရှိတဲ့ ရှမ်းတရုတ်ပိုင် အိမ်တွင်း အထည်ချုပ်စက်ရုံ ၃ ရုံမှာ တံခါးပိတ်ပြီး နေ့ရောညပါ အခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လည်ပိုင်းမှာ စက်ရုံတွင်း ဝင်ရောက်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်၊
2011-04-19
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင် ဆောင်ရွက်နေပြီလို့ ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။
2011-04-19
အရှေ့တောင် အာရှဒေသအတွင်း ရှေ့နှစ် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ငွေဖောင်းပွမှု အများဆုံး နိုင်ငံ ဖြစ်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ပြီးခဲ့တဲ့ ဧပြီလဆန်းက ခန့်မှန်းလိုက်ပါတယ်။
2011-04-19
မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
2011-04-18
ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေကို လက်ခံ စဉ်စားတဲ့ အစီအစဉ်ကို ထိုင်းအစိုးရက အချိန်ကာလ အတော်ကြာ ရပ်ဆိုင်းထားရာကနေ မကြာခင် ပြန်စတော့မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဗန်ကောက်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Kitty McKinsey က ပြောပါတယ်။
2011-04-18
နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးတွေအတွက် လူထုအသံ ဖော်ထုတ်ဖို့ လူငယ်ကွန်ရက် အဖွဲ့တွေက လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတခု စတင်နေပြီလို့ သတင်းရရှိပါတယ်။
2011-04-18
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရကြား တင်းမာနေတဲ့ အခြေအနေကို ကချင် ခရစ်ယာန် ဓမ္မဆရာတွေက ကြားဝင် စေ့စပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-04-18
မြန်မာ့ နှစ်သစ်ကူး အတာသြင်္ကန် ပွဲတော်မှာ မျိုးဆက်သစ် လူငယ်တွေကြား မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ဘယ်လောက် ထိန်းသိမ်းမှု ရှိသလဲ၊ တိုင်းတပါးက ယဉ်ကျေးမှု အသစ်တွေ ဘယ်လောက်ထိ ထိုးဖောက် စိမ့်ဝင်မှု ရှိသလဲ ဆိုတာကို အကဲခတ် ကြည့်မြင်နိုင်ပါတယ်။