သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-27
ဗြိတိန်မှာနေထိုင်တဲ့ ရုရှား နှစ်ဘက်သူလျှိုကို အဆိပ်ခတ်မှုနဲ့ ဆက်စပ်ပြီး ရုရှားသံတမန်တွေ အများအပြားကို ကမ္ဘာ့ ၂၅ နိုင်ငံက နှင်ထုတ်လိုက် ပါတယ်။ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ဖွယ်မရှိဘဲ အရင် ဆိုဗီယက်ပြည်ထောင် စုဟောင်းကရော ဆိုဗီယက်ပြည်ထောင်စုပြိုကွဲလို့ ခွဲထွက်ချိန်မှာပါ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်နေ တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထား ပါတယ်။
2018-03-27
မြန်မာနိုင်ငံဘက်က မွတ်စလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သိန်းနဲ့ချီပြီး ဝင်ရောက်လာပြီးနောက်ပိုင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ အများကြီး တိုးပွါးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေက ပြောပါတယ်။
2018-03-27
တရုတ်နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2018-03-27
ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေထဲက လူတစ်သိန်းကို လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် နေရာချထားမယ့်ကိစ္စအတွက် နိုင်ငံတကာ အလှူရှင်တွေဆီက အကူအညီကို မျှော်လင့်မထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အာလမ် က ပြောပါတယ်။
2018-03-27
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို နောက်ထပ်သက်တမ်းတစ်နှစ် ထပ်တိုးဖို့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကို ဝေဖန်သူတွေ က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။
2018-03-27
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုဝင်တွေ မဟုတ်ဘူး ဆိုတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
2018-03-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း တည်ထောင်တဲ့ နိုင်ငံရေးပါတီအသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။
2018-03-27
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက ရွာသား ၂ ဦးကို အမှုကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ ပိုးလောင်းကျေးရွာ စခန်းမှူးနဲ့အဖွဲ့ကို အချုပ်ချပြီး စုံခုံဖွဲ့စစ်ဆေးနေတယ်လို့ ရွာသားတွေဘက်က လိုက်ပါကူညီပေးနေသူတွေ က ပြောပါတယ်။
2018-03-27
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မှာ စွန့်ပစ်ခံဘိုးဘွားတွေနဲ့ သက်ကြီးဘိုးဘွားတွေ ကို စောင့်ရှောက်ပေးနေတဲ့ YGW ဆွာ ခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးကျောင်းမှာ မနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အဘိုးအို ၃ ယောက် သေဆုံးခဲ့ပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
2018-03-27
ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေ တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကို အရှည်မျှော်တွေးညှိနှိုင်းဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက် ပါတယ်။
2018-03-27
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို "ဝ"ပြည်နယ်၊ ပန်ခမ်းမြို့မှာ မနေ့ကစတင်ပြီး ကျင်းပနေပါတယ်။
2018-03-27
ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန် မြို့နယ်ကြားက သံလွင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဟတ်ကြီးရေကာတာ တည်ဆောက်ဖို့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ သဘောတူထားကြပါတယ်။
2018-03-27
မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီနဲ့ အစိုးရက ချေးငွေထုတ်ပေးနေပါတယ်။
2018-03-27
ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေထိုင်ခွင့် ပြုလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့အဆိုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2018-03-27
ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်တွေကို အနာဂတ်မှာဆက်ခံပြီး ဆောင်ရွက်နိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း ကို ပြင်ဆင်ပြောင်းလဲဖို့ စဉ်းစားနေတာရှိကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဒေါက်တာ ဦးမျိုးညွန့်က RFA ကိုပြောပါတယ်။