သမ္မတသစ်လုပ်ပိုင်ခွင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ ဘယ်လောက်ကင်းလွတ်နိုင်မလဲ


2018.03.27

ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်တွေကို အနာဂတ်မှာဆက်ခံပြီး ဆောင်ရွက်နိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ပြောင်းလဲဖို့ စဉ်းစားနေတာရှိကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဒေါက်တာ ဦးမျိုးညွန့်က RFA ကိုပြောပါတယ်။

ဒါကြောင့် သမ္မတသစ် ခန့်အပ်အတည်ပြုပြီးနောက်ပိုင်း ဖြစ်လာနိုင်မယ့်အပြောင်းအလဲ၊ သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာဘယ်လောက်ကင်းလွတ်နိုင်မလဲ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ NLD ပါတီရဲ့ အနာဂတ်ခြေလှမ်းတွေနဲ့ ပတ်သက်လို့ ဒေါက်တာ ဦးမျိုးညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။