သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-25
စိုးရအနေနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း နိုင်ငံပိုင်မြေတွေ စီးပွားရေးလုပ်ငန်းတွေနဲ့၊ သယံဇာတတွေကို အလျင်အမြန် စီမံခန့်ခွဲနေတာတွေကို အသေးစိတ် စိစစ်ဟန့်တားပေးရေး အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်းခဲ့ရာမှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-02-25
ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ကို အမည်မသိ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေက ဖေဖော်ဝါရီလ ၂၅ရက်နေ့က တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၃ဝ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
2016-02-25
ဇန်နဝါရီလအစောပိုင်းက ထိုင်းအစိုးရရဲ့ အင်တာနက်စာမျက်နှာတွေကို ဖေါက်ထွင်း ဝင်ရောက်ပြီး အချက်အလက်တွေယူလိုက် တဲ့အဖွဲ့ဟာ နယ်စပ်အခြေ စိုက် မြန်မာအစိုးရဆန့် ကျင်ရေး ပြုလုပ်နေတဲ့အဖွဲ့တွေကို နှစ်ရှည်လများ တန်ပြန် လုပ်ဆောင်နေတဲ့ The Blink Hackers ဆိုတဲ့ အဖွဲ့ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖေါ်ပြ ထားတယ်လို့ ရိုက်တာသတင်းမှာ မနေ့ကဖေါ်ပြလိုက်ပါ တယ်။
2016-02-25
၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က မနီလာသိန်းကို ပုဒ်မ (၁၈) နဲ့ ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2016-02-25
ကချင်ပြည်နယ်က ဘိန်းစိုက်ခင်းတွေအခြေအနေနဲ့ ဘိန်းစိုက်ခင်းတွေဖျက်စီးဖို့လာတဲ့ ဒေသခံတွေ ဒီကနေ့ တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ဒီဘိန်းကိစ္စ လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းခဲ့သူ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD) ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-02-25
သမ္မတဦးသိန်းစိန်ဟာ မတ်လကုန်ထဲ သမ္မတလုပ်ငန်းတာဝန်တွေ လွဲပြောင်းပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဌအဖြစ် ပါတီလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က RFA ကိုပြောပါတယ်။
2016-02-25
ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလ ပန်းခြံထဲမှာ ပြီးခဲ့တဲ့နှစ် မတ်လက Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့တာကြောင့် စီးပွားရေးတက္က သိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျောင်းသား ကိုမင်းသူကျော်နဲ့ ဒဂုံတက္ကသိုလ် တကသအဖွဲ့ဝင် ကိုဖိုးသားတို့ကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးတင်စစ်ဆေးရာ အာမခံမယူတဲ့အတွက် အင်းစိန် အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
2016-02-25
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြာင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီတွေပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။
2016-02-25
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းခင် မှာ နိုင်ငံပိုင်မြေ၊ စက်ရုံနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ အလျင်အမြန် လွဲှပြောင်းတာတွေကို စိစစ် ဟန့်တားပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်က ဒီကနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းလိုက် ပါတယ်။
2016-02-25
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက် တီ ဒေသဘက်က ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဟာ အမည် မသိတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက် မှုကို ဒီကနေ့ နှစ်ကြိမ်ခံခဲ့ရပြီး လူ ၃၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
2016-02-25
လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ် ဆိုရင် ဝန်ကြီးဋ္ဌာနတွေကို တိုက်ရိုက်မေးမြန်းနိုင်သလို လွှတ်တော်မှာ ခေါ်ယူမေးမြန်းနိုင်ပေမယ့် ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းတာဟာ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
2016-02-25
မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာ မှာ ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့၊ ဟန့်တားနှောင့်ယှက် သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အပြင် ထိရောက် တဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်း တဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ရှင်း လင်းတင်ပြဖို့ ဖိတ်ကြားထားပေမယ့် လာရောက်ဖြေ ကြားခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ ကြေညာလိုက်ပါတယ်။
2016-02-24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီ ညို ရာသီဥတု သက်ရောက်မှုကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရဌာနအဆင့် အဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ထောက်ခံသူ ၄၀၀ ရှိတဲ့အတွက် ပြည်သူ့လွှတ်တော်လိုက်ပါတယ်။
2016-02-24
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်၂၀ ခန့် မဲပေးဖို့ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဌက သတိပေးလိုက်ပါတယ်။ ဒုတိယအကြိမ်ပြန်ပြီးကျင်းပတဲ့ လွှတ်တော်မှာ အခုလိုကိုယ်စားလှယ်တွေ သတိပေးခံရတာ ဒါပထမဆုံးဖြစ်ပါတယ်။
2016-02-24
အယ်နီညိုရာသီဥတု ပြင်းထန်မှုကြောင့် ဒီလကစပြီး လာမယ့် ဧပြီလအထိ တစ်နိုင်ငံလုံးအနှံ့ အပူချိန်မြင့် မားနိုင်တဲ့အတွက် ကျေးရွာပေါင်း ၁၇ဝဝ ကျော် မှာ ရေရှားပါးမှုနဲ့ ကြုံတေ့ွရနိုင်တယ်လို့ ကျေး လက်ဒေသဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာနက ပြော ပါတယ်။