နိုင်ငံပိုင်မြေ အလျင်အမြန် စီမံခန့်ခွဲမှု ဟန့်တားရေး
2016.02.25
စိုးရအနေနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း နိုင်ငံပိုင်မြေတွေ စီးပွားရေးလုပ်ငန်းတွေနဲ့၊ သယံဇာတတွေကို အလျင်အမြန် စီမံခန့်ခွဲနေတာတွေကို အသေးစိတ် စိစစ်ဟန့်တားပေးရေး အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်းခဲ့ရာမှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။