သမ္မတ ဦးသိန်းစိန် အနားယူပြီးနောက် ပါတီကို ဆက်လက်ဦးဆောင်မယ်
2016.02.25
သမ္မတဦးသိန်းစိန်ဟာ မတ်လကုန်ထဲ သမ္မတလုပ်ငန်းတာဝန်တွေ လွဲပြောင်းပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဌအဖြစ် ပါတီလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က RFA ကိုပြောပါတယ်။ ဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။