သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-26
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာမတော်မတရား ပြုကျင့်ခံနေရပြီး ရဲရဲဝံ့ဝံ့တိုင်ကြားရဲတာတောင် ရဲက အရေးမယူရင် ပြစ်မှုကျူးလွန်သူက ပြစ်ဒဏ်ကလွတ်မြောက်နေပါတယ်။
2018-11-26
မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှု အားနည်းတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။
2018-11-26
ရန်ကုန်တိုင်းအတွင်းက ဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်ပချေးငွေရယူမယ့်ကိစ္စကို ယာယီဆိုင်းငံ့ဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-11-26
နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်တန့်ဖို့ရည်ရွယ်ပြီး “ငြိမ်းချမ်းရေးတွဲလက်များ” အဖွဲ့က ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ငြိမ်းချမ်းရေးစကားဝိုင်းတွေ လှည့်လည်ကျင်းပနေပါတယ်။
2018-11-26
ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဟာ ဒီကနေ့ မနက်မှာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို သပိတ်မှောက်ခဲ့ကြပြီး အချက် ၄ ချက်ကို တောင်းဆိုကြပါတယ်။
2018-11-26
ရခိုင်ပြည်နယ်မှာ လက်ရှိ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း အပါအဝင် အခြားစီမံကိန်းတွေအားလုံးကို ရပ်ဆိုင်း ထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
2018-11-26
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဘေးဖယ်ခံထားရတယ်ဆိုပြီး ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ ဒုတိယနေ့ အကြောင်းအရာအဖြစ် ဒီနေ့ လူမှုကွန်ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။
2018-11-26
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်ပချေးငွေ ရယူမယ့်ကိစ္စကို ယာယီဆိုင်းငံ့ဖို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-11-26
ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့မှာ သူ့ရုပ်ပုံပါတဲ့ မီးပုံးပျံကို လွှင့်တင်ခဲ့လို့ဆိုပြီး ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက ဦးလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
2018-11-26
မြန်မာနိုင်ငံမှာ မျိုးသုန်းလုနီး တောဆင်ရိုင်းတွေကို ကာကွယ်စောင့်ရှောက်၊ ထိန်းသိမ်းဖို့ အစိုးရဌာနတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကြိုးစားနေတဲ့အထဲမှာ တရားမဝင် ဆင်သတ်တာတွေကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်ချက်လည်း ပါဝင်ပါတယ်။
2018-11-26
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ခွင့် မရသေးတာနဲ့ ပတ်သက်လို့ ဦးဝီရသူနဲ့ ကျောင်းဆောင်ဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-11-26
ရခိုင်ပြည်နယ်မှာ တည်ဆဲဥပဒေတွေကိုကျော်လွန်ပြီး မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတာ၊ နိုင်ငံသားမဟုတ်သူတွေကို သင်ကြားရေး လက်ထောက်ဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာတွေကို စစ်တွေမြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2018-11-26
အမျိုးသမီးနဲ့ အမျိုးသားကွာချက်တွေရှိနေတဲ့ကြား မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်တဲ့ အမျိုးသားစာပေဆုတွေထဲ အမျိုးသားတွေသာ အရများတဲ့ ကဗျာဆုကို အင်းဝသို့ ရင်ခုန်ခြင်း ကဗျာစာအုပ်နဲ့ ကဗျာဆရာမ မနီတာက ဆွတ်ခူးရရှိသွားပါတယ်။
2018-11-25
မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။
2018-11-25
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားလော့ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦး သေဆုံးတာဟာ RCSS က ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း RCSS အဖွဲ့ပိုင် Tai Freedom Facebook စာမျက်နှာကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။