ဘောလုံးပွဲအပြီး မြန်မာလုပ်သားတချို့ တိုက်ခိုက်ခံရ


2018.11.25
myanmar-workers-in-malaysia-622.jpg မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - နှလုံးလှပရဟိတအဖွဲ့

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။

မနေ့က ဘောလုံးပွဲအပြီး မြန်မာအလုပ်သမားတွေ ကားစောင့်နေချိန်မှာ အယောက် ၃၀ လောက်ပါတဲ့ လူအုပ်စုက ဝင်ရောက်တိုက်ခိုက်တာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရတဲ့အထဲက ၃ ယောက်ကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က ကိုသက် က ပြောပါတယ်။

အဲဒီအခြေအနေကို မလေးရှားရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်မာအလုပ်သမားတွေကို အလုပ်ပြန်ဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဆူဇူကီးဖလားလုပွဲ မြန်မာနဲ့ မလေးရှား ဘောလုံးပြိုင်ပွဲမှာ မလေးရှားက အနိုင်ရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။